တောင်ဥက္ကလာပမြို့နယ်နှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နိုဝင်ဘာ ၇

     တောင်ဥက္ကလာပမြို့နယ်နှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

       မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ် ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီခွဲတွင် တောင်ဥက္ကလာပမြို့နယ် (၁၂)ရပ်ကွက် မင်္ဂလာလမ်းမပေါ်တွင် ဦးသန်းဝင်း(ခ) ဖက်တီး မောင်းနှင်၍ အောင်ထွန်းသိန်း လိုက်ပါလာသည့် TOYOTA ALPHARD အမျိုးအစားယာဉ်ကို ရပ်တန့် စစ် ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့သည်။

      အလားတူ နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် မသင်္ကာဖွယ်တွေ့ရှိသူ ကျော်မျိုးထွေးနှင့် မြတ်ကျော်ထွန်း တို့အား စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၃ ကီလိုကို သိမ်း ဆည်းရမိခဲ့သည်။

      အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့သူ တရားခံများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

#PAN