ကော့ကရိတ်မြိုနယ် ကော့ကရိတ် – မြဝတီအာရှလမ်းပေါ်တွင် ခရီးသည်တင်မှန်လုံယာဉ် ၁ စီးမီးလောင်မှုဖြစ်ပွား

နိုဝင်ဘာ ၇

       ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ် ကော့ကရိတ် – မြဝတီအာရှလမ်း သီလရှင်ကျောင်း အနီးနေရာ၌ ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်က ကော့ကရိတ်ဘက်မှ မြဝတီသို့သွားသည့် ခရီးသည်တင်မှန်လုံယာဉ် ၁ စီးမီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။

        ဖြစ်စဥ်မှာ ယာဉ်မောင်း၊ ဦးအေးမိုးမင်း ၄၆ နှစ်၊(ဘ)ဦးထွန်းစိန်၊ ကြူစမ်းရွာမရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဦးဝဏ္ဏဇော်၊ ၃၅ နှစ်၊ (ဘ)ဦးမောင်ထွေး၊ သံဒိတ်ကျေးရွာ၊ ဒေးဒရဲမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူ လိုက်ပါလာသည့် ယာဉ်အမှတ်၊ 8I-6422 Fuso(အစိမ်းရောင်) ရန်ကုန် – ဘားအံ – မြဝတီ ပြေးဆွဲနေသည့်ယာဉ်သည် ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်ကရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးဝန်း မှ ခရီးသည် ကျား ၆ ဦး၊ မ ၄ ဦး၊ စုစုပေါင်း ၁၀ ဦးနှင့် စား သောက်ကုန်ခြောက်များ တင်ဆောင်၍ ထွက်ခွာလာခဲ့ရာ စစ်တောင်းတံတားတွင် ညအိပ်ခဲ့ကြောင်း၊ ယနေ့ နံနက် ၅ နာရီအချိန်ခန့်တွင် ဆက်လက်ထွက်ခွာခဲ့ရာ ဖြစ်စဉ်နေရာသို့ရောက်ရှိစဉ် အင်ဂျင်ခန်းအပူ လွန်ကဲ၍ ဝါယာရှော့ဖြစ်ကာ မီးလောင်ခဲ့ပြီး ယာဉ်တစ်စီးလုံးပျက်ဆီးခဲ့ကြောင်း သိရပါသည်။

       အဆိုပါယာဉ်မီးလောင်ပျက်ဆီးမှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း/ယာဉ်လိုက်နှင့် ခရီး သည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ဆုံးရှုံးမှုကာလ တန်ဖိုး ငွေကျပ် သိန်း(၄၀၀)ခန့်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN