၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ရွာသွန်းခဲ့သောမိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှုအခြေ အနေများ

နိုဝင်ဘာ ၆

     ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှ အက်စစ်ဖြစ်ထွန်းမှု စောင့် ကြည့်တိုင်းတာရေးကွန်ရက် (Acid Deposition Monitoring Network in East Asia- EANET) အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့ကြီး ၄၁ မြို့ရှိ မိုးလေဝသနှင့်ဇလဗေဒစခန်း ၄၁ ခု(ပုံ-၁)တွင် ရွာသွန်းသောမိုးရေများကိုစုဆောင်းကာ မိုးရေတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေကိုသိရှိရန် မိုးရေ၏ pH တန်ဖိုးများတိုင်းတာခြင်း လုပ်ငန်း များကို လစဉ်ဆောင်ရွက်လျက်ရှိသည်။

မိုးရေနမူနာများ စုဆောင်းရယူခဲ့

       ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း တိုင်း တာသည့် ၄၁ စခန်းလုံးတွင် မိုးရွာသွန်းခဲ့သဖြင့် မိုးရေနမူနာများ စုဆောင်းရယူခဲ့ပါသည်။ မိုးရေနမူနာတိုင်းတာရရှိခဲ့သည့် ၄၁ စခန်းတို့တွင် ရွာသွန်းခဲ့သော မိုးရေများ ၏ pH တန်ဖိုးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုးနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုး (6.5 – 8.5) အတွင်းတွင်ရှိကြောင်း တိုင်းတာရရှိခဲ့သည်။

      မိုးရေ၏ pH တန်ဖိုးသည် 5.6 အောက်ရောက်ရှိမှသာ အက်စစ်ဂုဏ်သတ္တိရှိသောကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း မိုးရေနမူနာတိုင်းတာရရှိခဲ့သည့် ၄၁ စခန်းတို့၌ ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေ အနေမရှိကြောင်း တွေ့ရှိရပါသည်။ (ပုံ-၂)

#PAN