အက်စ်တွန်ဗီလာအသင်းရဲ့ ဝင်ငွေအမြင့်ဆုံးကစားသမားဖြစ်လာတဲ့ ဝက်ကင်

နိုဝင်ဘာ ၆

     အသက် ၂၇ နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး ဝက်ကင်ဟာ အောက်တိုဘာလအတွင်းက တစ်ပတ်လုပ်ခလစာပေါင် ၁၅၀၀၀၀ နဲ့ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့ပြီးနောက် အက်စ်တွန်ဗီလာအသင်းရဲ့ ဝင်ငွေ အမြင့်ဆုံးကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

      တိုက်စစ်မှူး ဝက်ကင်ဟာ စာချုပ်သစ်ချုပ်ဆိုခဲ့တာကြောင့် အက်စ်တွန်ဗီလာအသင်းမှာ ၂၀၂၈ ခုနှစ်အထိ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တိုက်စစ်မှူး ဝက်ကင်အား အာဆင်နယ်အသင်းကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

       တိုက်စစ်မှူး ဝက်ကင်ဟာ ၂၀၂၀ ပြည့်နှစ်အတွင်းက ဘရန်းဖို့ဒ်အသင်းကနေ အက်စ်တွန်ဗီလာအသင်းဆီကို ပြောင်းရွှေ့ကြေးပေါင် ၂၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယခုဘောလုံးရာသီမှာ ပြိုင်ပွဲအရပ်ရပ် ၁၆ ပွဲယှဉ်ပြိုင်ကစားပေးထားကာ သွင်းဂိုး ကိုးဂိုးနဲ့ ဂိုးဖန်တီးမှုငါးကြိမ် ပြုလုပ်ထားသူလည်း ဖြစ်ပါတယ်။

       တိုက်စစ်မှူး ဝက်ကင်ဟာ အောက်တိုဘာလအတွင်းက ဩစတြေးလျအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။

#PAN