ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် မဘိမ်းမြို့နယ်၏ နောက်ဆုံးရ သတင်းများ

နိုဝင်ဘာ ၆

     ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်အနီးဝန်းကျင်တွင် အခြေပြုနေသော အကြမ်းဖက် သောင်းကျန်းသူ TNLA /PDF များ ထိခိုက်အကျ အဆုံးများပြီး အခြေအနေမကောင်းကြောင်း၊ ၎င်းတို့သည် သဖန်းကိုင်းရွာမှ ဂုတ်တွင်းအပေါ်ဘက်သို့ဖြတ်သည့် ဆိုင်ကယ်သွားနိုင်သည့်လမ်းကြောင်းအတိုင်း ၄င်းမှ နောင်ပိန်ရွာတွင် ထပ်မံအခြေပြုခံစစ်ဆင်ပြီး ရှမ်းမြောက် ထောက်ပံ့ရေးလမ်းကြောင်းအား
ဆက်လက်နှောက်ယှက်ရန် စီမံထားပုံရှိကြောင်းနှင့် ယနေ့ အင်အား ၈၀ ခန့် ဂုတ်တွင်းရူခင်းသာ ( ကျောက်မဲဘက်)အခြမ်းသို့ ရောက်ရှိနေကြောင်း၊ ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ဂုတ်တွင်း ကျောက်မဲဘက်အခြမ်း ရူခင်းသာ အောက်နားတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရပါသည်။

      မဘိမ်းမြို့၏အရှေ့ဖက်၉မိုင်ခန့်အကွာ၊မဘိမ်း – စီဦး – ဗန်းမော်သွားကားလမ်းပေါ် ဒေသအခေါ်  ပေါက်နက်ဒေသတွင် အကြမ်းဖက်သောင်းကျန်းသူ KIA / AA / PDF ပူးပေါင်းအဖွဲ့က မောင်းတံဂိတ်ပြုလုပ်ပြီး လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးမှုပြုလုပ်နေကြောင်း၊ ၄င်းလမ်းပေါ်ရှိ ပင်ကြိမ်ရွာသစ်၊ပင်ကြိမ်ရွာဟောင်း၊ စီပိန်းကျေးရွာမှ ကျောင်းသား/သူ များကျောင်းပိတ်၍ ရွာကိုခေတ္တပြန်သွားခဲ့ပြီးနောက် ကျောင်းဖွင့်၍ ကျောင်းလာတက်သည့်အခါ ပေါက်နက်ဒေသရှိ မောင်းတံဂိတ်တွင် အဆိုပါ အကြမ်းဖက်သောင်း ကျန်းသူများက ကျောင်းဆက်တက်ပါက ကျောင်းပိတ်သည့်အခါ ရွာကို လုံးဝပြန်လာခြင်း မပြုတော့ပါဟု ခံဝန်ကတိလက်မှတ်ထိုးခိုင်းသဖြင့် ကျောင်းသားများနှင့်မိဘများအခက်ကြုံနေရကြောင်း သတင်းရရှိပါသည်။

#PAN