ဖခင်ဖြစ်သူကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တဲ့ ဒီယက်ဇ်

နိုဝင်ဘာ ၆

      လီဗာပူးလ်အသင်းတိုက်စစ်ကစားသမား ဒီယက်ဇ် က ပြီးခဲ့တဲ့ လူတန်အသင်းနဲ့ ပွဲစဉ်မှာ ချေပဂိုးသွင်းယူ ပြီးတဲ့နောက် Freedom for Papa လို့ရေးထားတဲ့ အောက်ခံအင်္ကျီကို ဖော်ပြကာ သူ့ရဲ့ဖခင်ဖြစ်သူကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

        ဒီယက်ဇ် ရဲ့အဖေ မန်နူရယ်လ် ဟာ အောက် တိုဘာလ ၂၈ ရက်က ပြန်ပေးဆွဲခံရပြီး အခုအချိန်အထိ သတင်း အစအနမရသေးဘူးလို့ သိရပါတယ်။ မန်နူရယ်လ် ကို ကိုလံဘီယာအမျိုးသား လွတ်မြောက်ရေး တပ်မတော် (ELN)က ပြန်ပေးဆွဲခဲ့တာဖြစ်တယ်လို့ ကိုလံဘီယာအစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

      ဒါ့အပြင် ဒီယက်ဇ် က သူ့အဖေအတွက် ဆုတောင်း ပေးခဲ့သူတွေနဲ့ လွတ်မြောက်အောင် ကူညီပေးနေသူအားလုံးကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

#PAN