ဒေ၀ နဲ့ ပရမ်ဆမ်နန် လက်ဝှေ့ပွဲ သရေကျ

နိုဝင်ဘာ ၆

အလွတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ၀ (Dave Ledus) သည် ကမ္ဘောဒီးယား နိုင်ငံ၏လက်ရှိချန်ပီယံကို မြန်မာကိုယ်စားပြုပြီး ထိုးသတ်ခဲ့ရာ အသာစီးဖြင့် ထိုးသတ်နိုင်ခဲ့သော်လည်း ပူးတွဲသရေရလာဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဒေ၀နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိချန်ပီယံ ပရမ်ဆမ်နန်တို့သည် ဖနွမ်းပင်မြို့၌ မနေ့ညက ၁၀ နာရီ ၅၀ မိနစ်က ကမ္ဘောဒီးယားရိုးရာအားကစားနည်းဖြစ်သည့် ခွန်ခမာ ကစားနည်းအတိုင်း ၉ မိနစ် တစ်ချီထဲသာ အလဲထိုးနိုင်မှသာလျင် အနိုင်ရ (အမှတ်ပေးမရှိ) စည်းမျဉ်းဖြင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ယှဉ်ပြိုင်ထိုးသတ်ရာ ၉ မိနစ် ပြည့်သည်အထိ အလဲမထိုးနိုင်ခဲ့သဖြင့် ပူးတွဲသရေ ကျသွားခြင်းလည်းဖြစ်သည်။
ဒေ၀နှင့် ထိုးသတ်ခဲ့သည့် ပရမ်ဆမ်နန်သည် ယခုနှစ်တွင် 2023 Thai Fight ချန်ပီယံဘွဲ့ကို ဆွတ်ခူးခဲ့သူဖြစ်ပြီး ပြီးခဲ့သော ဆီးဂိမ်းက မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းကို အမှတ်ဖြင့်အနိုင်ရပြီး ရွှေတံဆိပ်ဆုရရှိခဲ့သူလည်းဖြစ်သည်။