တူကီယဲနိုင်ငံက လျှပ်စစ်ကားဈေးကွက်ကြီးထွားလာစေရန် ရည်ရွယ်လျက်ရှိ

နိုဝင်ဘာ ၆

     တူကီယဲနိုင်ငံသည် ပြီးခဲ့သည့်နှစ်က နိုင်ငံ၏ ပြည် တွင်း၌ ပထမဆုံးထုတ်လုပ်သော လျှပ်စစ်ကား TOGG ကို မိတ်ဆက်ပြီးနောက် လျှပ်စစ်ကား(EV) ဈေးကွက်ကို လျင်မြန်စွာ ကြီးထွားလာစေရန် လုပ်ဆောင်လျက်ရှိကြောင်း နိုဝင်ဘာ ၄ ရက်တွင် တူကီယသမ္မတ အာဒိုဂန်က ပြောကြားသည်။

      တူကီယဲနိုင်ငံ အနောက်မြောက်ပိုင်း ကိုကာအီလီပြည်နယ်ရှိ ကားစက်ရုံ ဖွင့်ပွဲအခမ်းအနားတွင် လက်ရှိ လျှပ်စစ်ကားကုမ္ပဏီများကြား ပြိုင်ဆိုင်မှုပြင်းထန်လျက်ရှိပြီး ဈေးကွက်အတွင်းသို့ အမျိုးအစားအသစ် များ ရောက်ရှိလာလိမ့်မည် ဖြစ် ကြောင်း အာဒိုဂန်က အကြံပြုခဲ့သည်။

       မိမိတို့၏ ရည်မှန်းချက်မှာ တူကီယဲနိုင်ငံအား လျှပ်စစ်ကားနှင့် ဘက်ထရီထုတ်လုပ်မှုတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံများထဲတွင် တစ်နိုင်ငံဖြစ်လာစေရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။တူကီယဲနိုင်ငံ၌ လျှပ်စစ်ကားများအား စိတ်ဝင်စားမှု တိုးလာလျက်ရှိပြီး တူကီယဲနိုင်ငံအနေဖြင့် လျှပ်စစ်ကားဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုများ လုပ် ဆောင်မှုသည် အထူးအရေးပါလာကြောင်းလည်း တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်က ပြောကြား သည်။

      စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် မော် တော်ကားဖြန့်ဖြူးသူများနှင့် ရွေ့လျားသွားလာရေးအဖွဲ့၏ အချက်အလက်များအရ တူကီယဲနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ လျှပ်စစ်ကားအစီးရေ ၂၂၉၀၀ ခန့် ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Source; Xinhua

#PAN