ဂါဇာဒေသ၌ အပစ်အခတ်ရပ်စဲရန် ဘလင်ကန် နှင့်တွေ့ဆုံစဉ် ဂျော်ဒန်ဘုရင် တိုက်တွန်း

နိုဝင်ဘာ ၆

     ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ(၂)သည် ဂါဇာဒေသ၌ အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များရရှိရန် နိုဝင်ဘာ ၄ ရက်တွင် တောင်းဆိုခဲ့ပြီး ပါလက်စတိုင်းနယ်မြေသို့ အကူအညီများ ရေရှည်တည်တံ့စွာပေးပို့နိုင်စေရေး အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့မှုနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။

     စစ်မက်ဖြစ်ပွားရာနယ်မြေများသို့ စားနပ် ရိက္ခာ၊ ရေ၊ဆေးဝါးနှင့် လောင်စာဆီများ အနှောင့် အယှက်မရှိ ပေးပို့ရန်နှင့် နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်လုပ်ဆောင်ရန် ဂျော်ဒန်ဘုရင်က ဂျော်ဒန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် တွေ့ဆုံစဉ်တွင် တိုက်တွန်းခဲ့သည်။

      ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အဆုံးသတ်
ရေး  တစ်ခုတည်းသောနည်းလမ်းမှာ ၂ နှစ်နိုင်ငံ
အဖြေရှာမှုအပေါ် အခြေခံ၍ ငြိမ်းချမ်းရေးရရှိရန်
ဦးတည်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက
ထပ်လောင်းပြောကြားသည်။

       ၁၉၆၇ ခုနှစ် ဇွန် ၄ ရက်တွင် အရှေ့ဂျေရုဆလင်ကို အချုပ်အခြာအာဏာနှင့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ၏မြို့တော်အဖြစ် ထူထောင်ရန် ပါလက်စတိုင်းပြည်သူများအား ၎င်းတို့၏တရားဝင်အခွင့် အရေးများရရှိရေးအတွက် ဂျော်ဒန်နိုင်ငံအနေဖြင့် ထောက်ခံခဲ့ကြောင်းလည်း ထပ်မံအတည်ပြုပြောကြားသည်။