Vitamin D ဓာတ် ချို့တဲ့ခြင်း၏ လက္ခဏာများ (အပိုင်း ၂)

PAN ၏ ကျန်းမာရေးကဏ္ဍ

      အရေပြားပြဿနာများက ဗီတာမင်အေ ချို့ တဲ့ခြင်းရဲ့ အဓိက လက္ခဏာများဖြစ်ပြီး ဗီတာမင်ဒီ မလုံလောက်ခြင်းမှာလည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဝက်ခြံနဲ့ နှင်းခူ စတဲ့ အခြေအနေများမှာလည်း ဗီတာမင်ဒီ ဓာတ် ပါဝင်တဲ့ လိမ်းဆေးများကို အသုံးပြုပါတယ်။

       ဗီတာမင်ဒီဓာတ် ချို့တဲ့ခြင်းကြောင့် ဆံပင်နဲ့ဦးရေပြားဟာ ယိုယွင်းလာတဲ့ အပြောင်းအလဲများလည်း ဖြစ်လာနိုင်ပါတယ်။ လေ့လာချက်များအရ အမျိုးသမီးများ ဆံပင်ကျွတ်ခြင်းက ဗီတာ မင်ဒီ ချို့တဲ့ခြင်းကြောင့် ဖြစ်တယ်ဟု ယူဆနိုင်ပါတယ်။

       ဗီတာမင်ဒီဓာတ် နည်းပါးခြင်းက မှတ်ဉာဏ်ဆိုင်ရာ လုပ်ဆောင်မှုများကို အားနည်းစေပါတယ်။ လေ့လာချက်များအရ cognitive function scale မှာ စွမ်းဆောင်ရည်နိမ့်လေ၊ သွေးထဲက ဗီတာမင်ဒီ အဆင့်များ လျော့နည်းလာကြောင်း သိရပါတယ်။

        ဗီတာမင်အေ ကဲ့သို့ပင်၊ဗီတာမင်ဒီ ကလည်း သင့်အမြင်အာရုံအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သုတေသနတစ်ခုအရ ဓာတ်ခွဲခန်းက ကြွက်များတွင် ဗီတာမင် ဒီ ဓာတ် ဖြည့်စွက်ခြင်းဟာ  အမြင်လွှာရောင်ရမ်းမှုကို လျော့ကျစေပြီး အမြင်အာရုံကို ကောင်းမွန်စေကြောင်း ပြသခဲ့ပါတယ်။

       Candida infectionက ပါးစပ်အထဲတွင် ဖြစ်တတ်ပြီး ၎င်းကို thrush လို့ခေါ်ပါတယ်။ အဲ့ဒီအခြေအနေက ကလေးများ၊ သက်ကြီးရွယ်အိုများ နှင့် ခုခံအားစနစ်နဲ့ မကိုက်ညီတဲ့သူများတွင် ပို၍အဖြစ်များတတ်ကြပါတယ်။ ဗီတာမင် ဒီ တွင် Cathelicidin လို့ခေါ်တဲ့ anti-microbial ဒြပ်ပေါင်းပါဝင်ပြီး အဆိုပါရောဂါဖြစ်စေတဲ့ candida ရောဂါပိုးများကို တိုက်ထုတ်ရန် ခန္ဓာကိုယ်က အသုံးပြုပါတယ်။ လေ့လာမှုတစ်ခုအရ trushနဲ့ ခန္ဓာကိုယ်တွင်း yeast infection ရောဂါကူးစက်ခံရသူတွေမှာ ဒီဟော်မုန်းပမာဏ နည်းပါးတာကြောင့် သိရပါတယ်။

     ဒါ့အပြင် ဗီတာမင်ဒီဓာတ် ချို့တဲ့ခြင်းက အနာများကို ကျက်တာနှေးစေပါတယ်။ သင့် ခန္ဓာကိုယ်က ဒဏ်ရာတစ်ခုက ပျောက်ကင်းဖို့အတွက် ပုံမှန်အချိန်ထက် ပိုကြာနေရင် အာဟာရချို့တဲ့မှုတွေကြောင့် ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးတွေကတော့ အများဆုံးမှာ ဗီတာမင်ကေ နဲ့ ဗီတာမင်အေ ဓာတ်များ ချို့တဲ့ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ဗီတာမင်ဒီဓာတ် ချို့တဲ့ခြင်းကြောင့်လည်းပါပါတယ်။

သင့်ခန္ဓာကိုယ်မှာ ဗီတာမင်ဒီဓာတ် ပမာဏ နည်းနေပါက အချိန်တိုအတွင်းမှာလည်း ကယ်လစီယမ်ဓာတ် ချို့တဲ့ခြင်း ဖြစ်လာနိုင်ပါတယ်။ သွေးထဲက ကယ်လ်စီယမ်ဓာတ် ပမာဏ လျော့နည်းသွားရင် လက်သည်းများရဲလ ဖွဲ့စည်းပုံကို ထိခိုက်လာပါတယ်။ ဒီအခြေအနေမှာ လက်သည်းများက ပျော့သွားပြီး ပုံပျက်သွားနိုင်ပါတယ်။ လက် သည်းခွံများ ကွဲအက်တာတွေကလည်း ဗီတာမင်ဒီ ချို့တဲ့မှုကြောင့် ဖြစ်ပါတယ်။

        ခံတွင်းနာခြင်း၊ သွားနာခြင်း၊ သွားဖုံးရောင်ခြင်း စတဲ့ အဆိုပါ ခံတွင်းအခြေအနေများ အားလုံးဟာ ဗီတာမင် D ချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်ချေများပါတယ်။ ဗီတာမင်ဒီဓာတ် နည်းပါးခြင်းက ကယ်လ်စီယမ်ဓာတ်နည်းပါးခြင်းနဲ့ ညီမျှပြီး သွားရဲ့ ဖွဲ့စည်းပုံကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင်ဒီဓာတ် ချို့တဲ့ခြင်းက reproduction ကျန်းမာရေးကို ထိခိုက်နိုင်ခြေရှိပါတယ်။

#PAN