အမရပူရမြို့နယ်၊မြစ်ငယ်မြို့တွင် ရထားရဲတပ်ဖွဲ့ နေအိမ်လိုင်းခန်းတွင် လှုံဆော်စာကပ်ပြီး လိုင်းခန်းနေအိမ်ထရံ မီးရှို့သွား

နိုဝင်ဘာ ၅

     မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊မြစ်ငယ်မြို့၊တပင်ရွှေထီးရပ်ကွက်၊တပ်စု(၁) ရထားရဲတပ်ဖွဲ့၊အမှတ်(၆)တပ်ခွဲ(မြစ်ငယ်)၊မိသားစုနေအိမ်လိုင်းခန်းတွင် ယနေ့ နံနက် ၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင်  မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တာဝန်ရှိသူများမှ သွား ရောက်စစ်ဆေးခဲ့ကြသည်။

        ထိုသို့ သွားရောက်စစ်ဆေးရာ အဆိုပါ မိသားစုနေအိမ်လိုင်းခန်း၊၆ခန်းတွဲ၊လိုင်းခန်းအမှတ် ၄(က)(လူမနေ) အိမ်တိုင်တွင် ကျောင်းသုံးဗလာစာရွက်အလွတ်ပေါ်၌ မင်နီဖြင့် ”သွေးကြွေး ဆပ်ပွဲ” ဟု ရေးထားသည့် စာရွက် ၁ ရွက်၊” သတ္တိနှင့်နေကြ ” ဟု ရေးထားသည့်စာရွက် ၁ရွက်၊စုစုပေါင်း စာရွက် ၂ရွက်တို့အား ကပ် ထားပြီး (၆)ခန်းတွဲ၊လိုင်းခန်းအမှတ် ၄(ခ)၊ရဲဒုတပ် ကြပ် စန်းညီညီအောင် နေထိုင်သည့် နေအိမ်လိုင်းခန်းရှေ့ ယာဘက်ခြမ်းတွင်ကာရံထားသည့် ထရံအား မီးရှို့ဖျက်ဆီးထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ မီးလောင်မှုကြောင့် ငွေ ၅၀၀၀ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN