နိုဝင်ဘာ ၅
• အဝေးကွင်းမှာ နိုင်ပွဲပြန်ရတဲ့ မန်ယူအသင်း
စနေညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁) အစောပိုင်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူအသင်းနဲ့ ဖူလ်ဟမ် အသင်းတို့ ပွဲစဉ်မှာ အိမ်ရှင်ဖူလ်ဟမ်အသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
မန်ယူအသင်းဟာ ဖူလ်ဟမ်ကို အဝေးကွင်းမှာ ခက်ခက်ခဲခဲကစားခဲ့ရပြီးတော့ ဘရူနိုဖာနန်ဒက်စ် ရဲ့ နာကျင် အချိန်ပိုသွင်းဂိုးနဲ့အတူ အဖိုးတန် ၃ မှတ်ကို ရယူနိုင်ခဲ့တဲ့အတွက် နောက်ဆုံးပြိုင်ပွဲစုံ ၃ ပွဲဆက် နိုင်ပွဲပျောက်မယ့် အန္တရာယ်ကနေ ကင်းလွတ်ခဲ့ပါတယ်။
ရှုံးပွဲတွေ ဆက်တိုက်ကြုံနေရတဲ့ မန်ယူအသင်းဟာ နိုင်ပွဲပြန်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၈)မှာ ရပ်တည်နေပါတယ်။
• ပထမဆုံးရှုံးပွဲကြုံခဲ့ရတဲ့ အာဆင်နယ်အသင်း
အာဆင်နယ်အသင်းကတော့ ဒီရာသီအတွက် ပထမဆုံးရှုံးပွဲကို မြည်းစမ်းသွားခဲ့ရပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေ့နေညက ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)အဖြစ် အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရပြီး အငြင်းပွားဖွယ်ရာဂိုးနဲ့အတူ နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။
နယူးကာဆယ်အသင်းရဲ့ သွင်းဂိုးဟာ အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပြီး အင်္ဂလန်ဒိုင်တွေရဲ့ အရည်အသွေးကို ညွှန်းဆို ပြသနေတာလည်းဖြစ်ပါတယ်။
• အိမ်ကွင်းမှာ ဂိုးမိုးရွာခဲ့တဲ့ မန်စီတီး
ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ရဲ့ နောက်ကျပွဲစဉ်ဖြစ်တဲ့ မန်စီးတီးအသင်းကတော့ အိမ်ကွင်းမှာ ဘုန်းမောက်အသင်း ကို ၆ ဂိုး၊ ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။
မန်စီးတီးအတွက် သွင်းဂိုးတွေကိုတော့ ဒိုကူ၊ ဆေးဗား ၂ ဂိုး၊ အကန်ဂျီ၊ ဖိုဒန် နဲ့ အကီ တို့က အသီးသီး သွင်းယူပေးနိုင် ခဲ့ပါတယ်။
အခုနိုင်ပွဲကြောင့် မန်စီးတီးအသင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ယာယီတက်လှမ်းသွားနိုင်ခဲ့ပါတယ်။
#PAN