တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် ယာဉ်များ သိမ်းဆည်းရမိ

နိုဝင်ဘာ ၅

     တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ နိုဝင်ဘာ ၃ ရက်တွင် နေပြည် တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင် ရွက်ရာတွင် ပျဉ်းမနားမြို့နယ်အတွင်း၌ တရားမဝင်အခြားသစ် ၂ ဒသမ ၃၉၇ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၈,၀၂၄) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သိမ်းဆည်းရမိ

        ထို့အတူ နိုဝင်ဘာ ၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ယာဉ်အပိုပစ္စည်း Clutch Facing ၄၅၀၃ ဒသမ၂ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၉၁၃,၄၄၀) ကိုလည်း ကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ မန္တလေးမြို့ သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် MARSTAR လျှပ်စစ်ပစ္စည်း (Switch and Socket) ကီလို ဂရမ် ၅၅၀၀ အပါ အဝင် ကုန် ပစ္စည်းသုံးမျိုး (ခန့် မှန်းတန်ဖိုးငွေကျပ် ၁၁,၁၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)ကို
လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၅,၀၁၃,၄၄၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့ပြင် နိုဝင်ဘာ ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကလေးမြို့ တပ်ဦးသီတာရပ်ကွက်၌ လိုင်စင်မဲ့ Toyota Raum ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်     ၆ဝဝ,ဝဝဝ)ကို သိမ်း ဆည်းရမိခဲ့ပြီး ပို့ကုန်သွင်း ကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

      အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ် ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၃ ရက်တွင် ဘုရားကြီးမြို့၊ ကသစ်ဝိုင်ဓမ္မရိပ်သာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် 100 Pipers ဝီစကီပုလင်း စက္ကူဘူးခွံ ၁၆၁၀ ကီလိုဂရမ်၊ Balloon ချိုချဉ် ဖာ ၆၆၀၀ အပါအဝင် ကုန် ပစ္စည်း နှစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၉၈၃,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်
လာသည့် Mitsubishi Fuso Truck နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်း ကောင်း၊ နိုဝင်ဘာ ၄ ရက်တွင် ပဲခူးခရိုင်နှင့်တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၅ ဒသမ ၅၂၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၄၂,၈၁၄)ကို သစ်တောဥပဒေအရလည်း ကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်
၇၂,၇၂၅,၈၁၄ ကို သိမ်းဆည်းအရေးယူဆောင် ရွက်လျက်ရှိသည်။

       သို့ဖြစ်ပါ၍ နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၀ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃,၉၅၇,၂၇၈) ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။