ဂါဇာ နျူကလီးယား ‘ရွေးချယ်ခွင့်’ မှတ်ချက်အတွက် အစ္စရေးဝန်ကြီး နေတန်ယာဟုက ပြစ်တင်ရှုတ်ချ

နိုဝင်ဘာ ၅

      အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတို့၏ နျူကလီယားတိုက်ခိုက်မှုပြုလုပ်ရန် စိတ်ကူးကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုခဲ့သော ၎င်း၏အစိုးရ အဖွဲ့၏ အငယ်တန်းအဖွဲ့ဝင်တစ်ဦးအား အရေးယူခဲ့သည်။

      ညွန့်ပေါင်းအစိုးရရှိ လက်ယာစွန်းပါတီမှ အမွေ အနှစ်နှင့်သက်ဆိုင်သော ဝန်ကြီး Amihai Eliyahu အား အစိုးရအဖွဲ့အစည်းအဝေးများမှ “နောက်ထပ် ကြေ ညာချက် မချမချင်း” ဆိုင်းငံ့ထားကြောင်း နေတန်ယာဟုရုံးက ထုတ်ပြန်ချက်တွင် ပြောထားသည်။

     အယူအဆတစ်ခုဖြစ်သော နျူကလီးယားရွေးချယ်မှုနှင့်ပတ်သက်၍ ရေဒီယိုအင်တာဗျူးတစ်ခုတွင် မေးမြန်းရာတွင် Eliyahu က “ဒါက နည်းလမ်းတစ်ခုပါပဲ ” ဟု ၎င်း၏ မှတ်ချက်သည် အာရပ်မီဒီယာများတွင် ခေါင်းကြီးပိုင်းများ ပျံ့နှံ့စေပြီး ပင်မရေစီးကြောင်း အစ္စရေး ရုပ်သံလွှင့်သူများကို အရှုပ်အရှင်းဖြစ်စေခဲ့သည်။

       ဂါဇာရှိ ဟားမတ်စ်အဖွဲ့ကြီးမှူးသော ကျန်းမာ ရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ စစ်ပွဲအတွင်း ပါလက်စတိုင်း ၉,၅၀၀ သေဆုံးခဲ့ပြီး အစ္စရေး၏ နည်း ဗျူဟာအပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်မှုများ တိုးလာစေသည်။

     နေတန်ယာဟု၏ရုံးက “Eliyahu ရဲ့ ပြောကြားချက်တွေဟာ လက်တွေ့မှာ အခြေမခံပါဘူး။  အစ္စရေးနှင့် IDF (စစ်တပ်) တို့သည် အပြစ်မဲ့သူများကို ထိခိုက်နစ်နာမှုမရှိစေရန် နိုင်ငံတကာ ဥပဒေ၏ အမြင့်ဆုံးစံနှုန်းများနှင့်အညီ လုပ် ဆောင်လျက်ရှိသည်။ အောင် ပွဲရတဲ့အထိ ကျွန်တော်တို့ ဆက်ပြီးလုပ်သွားမှာပါ” ပြောပါသည်။

       လူမှုမီဒီယာပို့စ်တစ်ခုတွင် Eliyahu က “နျူကလီး ယားမှတ်ချက်သည် စကားအဖြစ်သာ ဖြစ်ကြောင်း စဥ်းစားဉာဏ်ရှိသူတိုင်းအတွက် ရှင်းလင်းပါတယ် ” ဟု ပြောကြားခဲ့သည်။

၎င်းက “အကြမ်းဖက်ဝါဒကို ပြင်းထန်ပြီး အချိုးမညီမျှစွာ တုံ့ပြန်ရန် လိုအပ်ကြောင်း၊ ယင်းမှာ အကြမ်းဖက်ဝါဒသည် အကျိုးမရှိဟု နာဇီများနှင့် ၎င်းတို့၏ ထောက်ခံသူများကို ရှင်းလင်းစေလိမ့်မည်” ဟု ဖြည်စွက်ပြောကြားခဲ့သည်။

      အစ္စရေး၏ ဖျက်ဆီးမှုကို ထောက်ခံအားပေးသည့် အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်၏ ပြောရေးဆို ခွင့်ရှိသူက Eliyahu သည် “ဒေသတစ်ခုလုံးနှင့် ကမ္ဘာတစ်ဝှမ်းလုံးကို အန္တရာယ်ဖြစ်စေသော ရာဇ၀တ်မှုမြောက်သော အစ္စရေးအကြမ်းဖက်ဝါဒကို ကိုယ်စားပြုသည်” ဟု ပြောကြားခဲ့သည်။

       မိသားစုများ ကိုယ်စားပြုသော ဓားစာခံများနှင့် ပျောက်ဆုံးနေသော မိသားစုများဖိုရမ်မှ Eliyahu ၏ မှတ်ချက်ကိုရှုတ်ချကြောင်းကြေငြာချက်ထုတ်ပြန်ခဲ့သည်။

       “ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေး၏ လုပ် ဆောင်ချက်များအတွက် ဦးစားပေးဆုံးအချက်မှာ အမျိုး သမီးများ၊ ကလေးများ၊ မွေးကင်းစများနှင့် သက်ကြီးရွယ်အိုများအပါအဝင် ဟားမတ်စ်မှ ဖမ်းဆီးထားသော ဓားစာခံများကို လွှတ်ပေးရန်ဖြစ်ကြောင်း ဖိုရမ်က အလေးပေးဖော်ပြထား သည်။

#PAN