အေစီမီလန်အသင်းသို့ ပြန်ရောက်ဖို့ နီးစပ်နေတဲ့ အီဘရာဟီမိုဗစ်

နိုဝင်ဘာ ၄

      အေစီမီလန်အသင်းရဲ့ တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ် ဟာ အသင်းဟောင်းထံ ရာထူးတစ်ခုခုနဲ့ ပြန်လည်ရောက်ရှိလာဖို့ နီးစပ်နေတယ်လို့ သိရတယ်။

       ပြီးခဲ့တဲ့ဇွန်လမှာ အီဘရာဟီမိုဗစ် ဟာ ကစား သမားဘဝကနေ အနားယူခဲ့တာဖြစ်ပြီး အေစီမီလန်အသင်းမှာ နှစ်ကြိမ် ကစားခဲ့စဉ်အတွင်း စီးရီးအေချန်ပီယံဆုကို နှစ်ကြိမ်စလုံး ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

        အေစီမီလန်အသင်းဟာ အီဘရာဟီမိုဗစ် ကို ထိပ်တန်းရာထူးတစ်ခု ပေးအပ်ရန်စီစဉ်နေတယ်လို့ သိရပါတယ်။ အီဘရာဟီမိုဗစ်အနေနဲ့ အေစီမီလန်နည်းပြ ပီအိုလီနှင့် အသင်းတာဝန်ရှိသူများကြား ဆက်သွယ်ပေးမယ့်သူအဖြစ် တာဝန်ယူရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

#PAN