■ လားရှိုးမြို့နယ်၊ မက်ချီးနုရွှာ အထွက် ပန်စိမ်းရွှာလမ်းခွဲ ရာဘာတော တရုတ်ဝက်ခြံ တွင် ကတုတ် ကျင်းများတူး၍ နေရာယူထားသော အကြမ်းဖက်အင်အား ၈၀ ခန့် ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရသူ အများအပြားရှိကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံရွာသားထံမှ သိရပါသည်။
■ နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာအနီးတွင် အကြမ်းဖက်များ ချဉ်းကပ်လာ၍ ထိတွေ့မှု့ဖြစ်နေကြောင်း သိရပါသည်။
■ မဘိမ်းမြို့ပေါ်ရှိဝန်ထမ်းများ အရေးပေါ်ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် မြို့နယ်မှညွှန်ကြားထားကြောင်း၊ မဘိမ်းမြို့နယ်၊ မိုးလုံကျေးရွာသို့အကြမ်းဖက် ၂၀ဝ ခန့်နှင့် မလိုင်ကုန်းကျေးရွာသို့လည်းအကြမ်းဖက်(အင် အားစိစစ်ဆဲ) ရောက် လာကြကြောင်း၊ မဘိမ်းမြို့နယ်၊ ပြင်လဟာကျေးရွာဖက်သို့ အကြမ်းဖက်သောင်း ကျန်းသူပူးပေါင်းအဖွဲ့များ ညနေ ၆ နာရီ ၅ မိနစ်အချိန်ခန့်တွင် ဆိုင်ကယ်အစီး ၅၀ ခန့်ဖြင့် ဆင်းသွားကြောင်း သိရပါသည်။
■ ကွမ်းလုံအခြေချဗျူဟာအား ထပ်မံတိုက် ခိုက်ရန် ကွမ်းလုံမြို့အတွင်းမှ ကိုးကန့်ရင်းမှူးအဆင့်ရှိသူမှ ကွပ်ကဲလျှက်ရှိနေကြောင်းသိရပြီး လက်ရှိတွင်လည်း ထိတွေ့မှု့ရှိနေကြောင်း သိရပါသည်။
■ နောင်ချိုမြို့နယ်၊ သဖန်းဂိုင်းကျေးရွာတွင် ညနေ ၄ နာရီခွဲအချိန်ခန့်တွင် Drop Bomb ၂ လုံးပစ်ချ တစ်လုံးကွဲပြီး ၊တလုံးမကွဲကြောင်း၊ကျောက်ကြမ်းဘုန်းကြီး ကျောင်းဝန်းအတွင်း ဝင်ရောက်ပုန်းခိုနေသော ဂေါ်ရ ခါးလူမျိုးအချို့အား ညနေ ၃ နာရီအချိန်တွင် အကြမ်း ဖက် TNLA များက ဖမ်းဆီးသွားကြောင်း သိရသည်။
■ ကြူကုတ်-ပန်ဆိုင်းမြိုကို တပ်မ(၉၉)တပ်များက ပြန်သိမ်းပြီး နယ်မြေရှင်းနေကြောင်း၊ ပန်ဆိုင်းစခန်း ကုန်းတွင် ခြေကုတ်ယူထားသည့် MNDAA ပူးပေါင်းအင်အား ၂၅၀ ခန့်ကို ကြည်း – လေ ပူးပေါင်းစစ်ဆင်ရာ MNDAA ပူးပေါင်းအဖွဲ အငိုက်မိပြီး အကျအဆုံးအများအပြားနှင့် ဒဏ်ရာရသူများစွာရှိကြောင်း၊ အရှင်ဖမ်းခံရသူများလည်းရှိကြောင်း သိရပါသည်။
■ နမ့်ခမ်း ရွှေလီတံတားကင်းအဖွဲကို အင်အားမမျှသည့်အတွက် မြိုထဲပြန်ပေါင်းခိုင်းထားရာ TNLA / KIA/ MNDAA / PDF များက တံတားကို အခုအခံမရှိ သိမ်းလိုက်နိုင်ကြောင်း၊ ၎င်း အကြမ်းဖက် သကသ များက နမ့်ခမ်းမြိုကို ဝင်တိုက်ရာ၌ တပ်မတော်ခြေလျင်တပ်များက မြိုတွင်းမှ အပြင်းအထန်ခုခံခဲ့သည့်အပြင် လေ ကြောင်းကပါ ပစ်ကူပေးခဲ့သည့်အတွက် အကြမ်း ဖက်သကသ များ အထိနာသည်ဟု သိရသည်။
■ ဝမ်ဟိုင်းအခြေစိုက် SSA ရှမ်းအဖွဲ့မှ ၄င်းတို့၏ လက်အောက်ခံလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် တပ်မတော်စစ်ကြောင်းအား လုံးဝတိုက်ခိုက်မှု့မပြုလုပ်ရန် ညွှန်ကြားထားသည်ဟု သတင်းရရှိပါ သည်။
#PAN