ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာ ရဲကင်းစခန်းမှ ရဲတပ်သားတစ်ဦး ဓာတ်ဆီ သွားရောက်ဝယ်ယူစဥ် သေနတ်ဖြင့် ပစ်သတ်ခံရ

နိုဝင်ဘာ ၄

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေး ရွာရှိ ဩကြီးဈေးဆိုင်အနီးတွင် ဝင်းကရဲကင်းစခန်းမှ ရဲတပ်သား ဇော်နိုင်ဝင်း ကို စိစစ်ဆဲကြမ်းဖက်သောင်း ကျန်းသူ PDF များက ယနေ့ မွန်းလွဲပိုင်းက လက်နက် ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

      ဖြစ်စဥ်မှာ ရဲတပ်သား ဇော်နိုင်ဝင်း သည် မြက်ရိတ်စက်အတွက် လိုအပ်သည့် ဓာတ်ဆီဝယ်ယူရန် ကင်းစခန်းမှ ထွက်ခွာခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့် အခင်းဖြစ်နေရာအရောက်တွင် တောင်စွန်းဘက်မှ ဝင်းကကျေးရွာဘက်သို့ ဆိုင်ကယ်အမျိုး အစား(စိစစ်ဆဲ) ၂ စီးဖြင့် အကြမ်းဖက် PDF အဖွဲ့(စိစစ်ဆဲ)မှ အမျိုး သား ၂ ဦး ရောက်ရှိလာပြီး ရဲတပ်သား ဇော်နိုင်ဝင်း အား လက်နက်ငယ်ဖြင့် ပစ်ခတ်ပြီး ကျိုက်ထိုဘက်သို့ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

     အကြမ်းဖက် PDF များ၏ သေနတ်ဖြင့် ပစ် ခတ်မှုကြောင့် ရဲတပ်သား  ဇော်နိုင်ဝင်း တွင် ဝဲ လည်ပင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ယာပေါင် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာတံတောင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

#PAN