တရုတ်ဒရုန်းကုမ္ပဏီက ဥရောပ၌ ပထမဆုံး လုပ်ငန်းလည်ပတ်ရေးစင်တာ ဖွင့်လှစ်

နိုဝင်ဘာ ၄

      တရုတ်လေကြောင်းနည်းပညာကုမ္ပဏီ EHang က စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း Catalonia ဒေသရှိ Lleida-Alguaire လေဆိပ် ၌ ဥရောပလုပ်ငန်းလည် ပတ်ရေးစင်တာတစ်ခုအား အောက်တိုဘာ ၃၁ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

      စင်တာဖွင့်ပွဲအခမ်းအနားတွင် EHang က EH216-S ယာဉ်အား သရုပ်ပြပျံသန်းမှု ပြုလုပ်ခဲ့ကြောင်း ၊ ယင်းမှာ အသိအမှတ်ပြုလက်မှတ်ရရှိထားသည့် ဒေါင်လိုက်ပျံတက်၊ ဆင်းသက်နိုင်သည့် (eVTOL) လျှပ်စစ်လေယာဉ်၏ ပထမဆုံး ပျံသန်းမှု ဖြစ်ကြောင်း သိရသည်။

       EH216-S ယာဉ်သည် အကွာအဝေး ကီလို မီတာ ၃၀ အား ခရီးသည်နှစ်ဦး တင်ဆောင်ကာ ပျံသန်းနိုင်စွမ်းရှိပြီး တစ်နာရီလျှင် ကီလိုမီတာ ၁၃၀ အမြန်နှုန်းဖြင့် ပျံသန်းနိုင်ကြောင်း ကုမ္ပဏီထံမှ သိရသည်။

#PAN