ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာတွင် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က ​ပစ်ခတ်လိုက်သော လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲပြီး ၃ နှစ်သမီးအပါအဝင် အရပ်သားပြည်သူ အမျိုးသမီး ၅ ဦး စိုးရိမ်ရ ဒဏ်ရာများရရှိ

နိုဝင်ဘာ ၄

     ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မောင်း မရွာသစ်ကျေးရွာ အနီး ဒေသအခေါ် ဦးသက်ရှည်ကုန်းတွင် ဖြန့်ခွဲအခြေပြုလျက်ရှိသည့် ခေါင်း ဆောင်(စိစစ်ဆဲ) အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က ကော့နွဲကျေးရွာ စာသင်ကျောင်တွင် အခြေပြု၍ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံ ရေးအဖွဲ့ကို ယနေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်က ၆၀ မမဖြင့်ပစ်ခတ်ခဲ့ရာ အမှတ်(၁) ရပ် ကွက်၊ ရှမ်းစုရပ်အနီးတဝိုက်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အဆိုပါနေရာအနီးတွင် နေထိုင်သည့်  အရပ် သားပြည်သူ ၃ နှစ်သမီးအပါအဝင် အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရပါသည်။

      ၆၀ မမ ဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့်
မသိမ့်သိမ့်သူ၊ ၃ နှစ်၊ (ဘ)ဦးစောတိတိဖိုး၊ ကရင်/ဗုဒ္ဓ၊ မှီခို၊ ရှမ်းစုအောက်ပိုင်းရပ်၊ ရွှေကြက်မင်း လမ်း၊ အမှတ်(၁)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူတွင် ဝမ်းဗိုက်ယာဘက် အစထိမှန် ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) ၊ မခင်သန်းဦး၊ ၂၅ နှစ်၊ (ဘ)ဦးစန်းဦး၊ ကရင်/ဗုဒ္ဓ၊ မှီခို၊ရှမ်းစုအောက်ပိုင်းရပ်၊ ရွှေကြက်မင်းလမ်း၊ အမှတ်(၁)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူတွင် ယာပေါင်ရင်း လက် နက်ကြီးစထိမှန်ဖောက်ဝင် ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) ၊ မသန္တာစိုး၊ ၂၅ နှစ်၊ (ဘ)ဦးကြာဘရွှေ၊ ကရင်/ဗုဒ္ဓ၊ မှီခို၊ ရှမ်းစုအောက် ပိုင်းရပ်၊ ရွှေကြက်မင်းလမ်း၊ အမှတ်(၁)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူတွင် ယာပေါင်ရင်းလက်နက်ကြီးစထိမှန်ဖောက်ဝင် ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) ၊ ဒေါ်နှင်းမြိုင်၊ ၆၅ နှစ်၊ (ဘ)ဦးသိန်းမြိုင်၊ ကရင်/ဗုဒ္ဓ၊ မှီခို၊ ရှမ်းစုအောက် ပိုင်းရပ်၊ ရွှေကြက်မင်းလမ်း၊ အမှတ်(၁)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူတွင် ဝဲဘက်ရင်အုံလက်နက်ကြီးစထိမှန်ဖောက်ဝင် ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) ၊ ဒေါ်ညွန့်စိန်၊ ၅၈ နှစ်၊ (ဘ)ဦးရွှေဝ၊ ကရင်/ဗုဒ္ဓ၊မှီခို၊ ရှမ်းစုအောက်ပိုင်းရပ်၊ ရွှေကြက်မင်းလမ်း၊ အမှတ်(၁)ရပ်ကွက်၊ ​ကော့ကရိတ်မြို့နေသူတွင် ယာဘက်လက်ခုံ လက်နက်ကြီးစထိမှန် ဒဏ်ရာ ၁ ချက်၊ ယာနား ထင်အစပ် လက်နက်ကြီးစထိမှန်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) တို့ အသီးသီ ဒဏ်ရာရရှိခဲ့ရာ ၎င်းဒဏ်ရာရရှိသူ ၅ ဦးအနက် ဒေါ်နှင်းမြိုင်နှင့် ဒေါ်ညွှန့်စိန်တို့ ၂ ဦးအား ဘားအံပြည်သူ့ဆေးရုံသို့ လည်းကောင်း၊ မသိမ့်သိမ့်သူ၊ မသန္တာစိုး၊ မခင်သန်းဦး တို့ ၃ ဦးကို မြဝတီပြည်သူ့ဆေးရုံသို့ လည်းကောင်း ပုလဲဖြူလူမှုကူညီရေး အသင်းလူနာတင်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

       အကြမ်းဖက်သောင်းကျန်းသူများသည် ကော့ကရိတ်မြို့နယ်အတွင်း မကြာခဏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ Drone များအသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းတို့ကြောင့် ဒေသခံ အရပ်သားပြည်သူ အများအပြား ထိခိုက်ဒဏ်ရာရ သေဆုံးခြင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။

#PAN