လာမယ့်နှစ်မှာ ကျောက်မျက်ရတနာလုပ်ငန်းလိုင်စင်ကြေးများ တိုးမြှင့်သတ်မှတ်မည်

နိုဝင်ဘာ ၃

      လာမည့် ၂၀၂၄ ခုနှစ်မှ စတင်ကာကျောက် မျက်ရတနာ လုပ်ငန်းလိုင်စင်ကြေးများ တိုးမြှင့် သတ်မှတ်ကာ ပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်ဟု မြန်မာ့ကျောက်မျက်ရတနာရောင်း ဝယ်ရေးလုပ်ငန်းရုံးချုပ်(MGE) က သိရပါသည်။

      ကျောက်မျက်ရတနာလုပ်ငန်းလိုင်စင်ကြေး များကို လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်ကာ တိုးမြှင့် ပြောင်းလဲကောက်ခံမည်ဖြစ်ပြီးပြောင်းလဲမည့် လိုင်စင်နှုန်းထားများကိုလည်း ကျောက်မျက် လုပ်ငန်းများ အလိုက် သတ်မှတ်ထားသည်ဟု ဆိုပါည်။

       အဆိုပါ လုပ်ငန်းများအလိုက် လိုင်စင်နှုန်း ထားများက ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာ ရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်အတွက် ယခင် ငွေကျပ် ၅ သောင်းမှ ငွေကျပ် ၃ သိန်းသို့ လည်း ကောင်း၊ ကျောက်မျက် ရတနာအချောထည်နှင့် ရုပ်ထုရုပ်ထွင်းများပြုလုပ်ခြင်းလုပ်ငန်းလိုင်စင်အတွက် ယခင် ငွေကျပ် ၃ သောင်းမှ ငွေကျပ် ၂ သိန်းသို့လည်း ကောင်း၊ ကျောက်မျက်ရတနာအရိုင်း၊ အချောများ ရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင် အတွက် ယခင် ငွေကျပ် ၃ သောင်းမှ ၁ သိန်းခွဲသို့လည်းကောင်း အသီး သီးတိုးမြှင့် သတ်မှတ်ခြင်း ဖြစ်ပါသည်။

      လိုင်စင်သက်တမ်းမှာ တစ်နှစ်အဖြစ် သတ်မှတ် ထားပြီး လိုင်စင်သက်တမ်းကျော်မှုများအတွက် ဒဏ်ကြေးအားဖြင့် တစ်နှစ်လိုင်စင်ကြေးနှင့်ညီမျှသည့် ငွေကိုပေးဆောင်ရမှာဖြစ်သလို ၂ နှစ်အတွင်းဖြစ်ပါက ၂ နှစ် လိုင်စင်ကြေးနှင့်ညီမျှသည့် ငွေကို ပေးဆောင်ရမှာ ဖြစ်သည်ဟု သိရပါသည်။

       ကျောက်မျက်ရတနာလုပ်ငန်းလိုင်စင်ကြေးများ တိုးမြှင့်သတ်မှတ်သည်ကို ရန်ကုန်ပြတိုက်ဌာန၊ မန္တလေး စခန်းရုံး၊ မိုးကုတ်၊ မိုင်းရှူး၊ လုံးခင်း/ဖားကန့် တူးဖော်ရေးဌာနများနှင့် မြစ်ကြီးနားစခန်းရုံးများတွင် လိုင်စင်နှင့် ပတ်သတ်သည့် အသိပေးမှုများ လုပ် ဆောင်ပြီးဖြစ်သည်ဟု နေပြည်တော်ရှိ MGE မှ သိရပါသည်။

#PAN