ရှမ်းပြည်နယ်(မြောက်ပိုင်း) ယနေ့ နံနက်ပိုင်း ရရှိသော နောက်ဆုံးရ တိုက်ပွဲသတင်းများ

နိုဝင်ဘာ ၃

■   ယနေ့ နံနက်  ၀၀: ၃၀ နာရီ အချိန်ခန့်က လားရှိုးမြို့ အဝင် စစ်ဆေးရေးဂိတ်အား အကြမ်းဖက်သောင်း ကျန်းသူ ပူးပေါင်းအဖွဲ့မှ Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရ သေဆုံးရှိနိုင်ကြောင်း သိရသည်။

■   မူစယ်မြို့နယ်၊ မုန်းကိုးမြို့နယ်ခွဲ၊ မုန်းပေါ်အထူးဒေသ မုန်းပေါ်စခန်းကို ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်မှ စတင်၍ အကြမ်းဖက်သောင်း ကျန်းသူ ပူးပေါင်းအဖွဲ့များက သာလွန်အင်အားဖြင့် တိုက်ခိုက်နေကြောင်း သိရသည်။

■    ယမန်နေ့ ည က အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ခိုအောင်းနေသော နောင်ချိုမြို့နယ်၊ ဟိုခိုရွာအနီးတဝိုက်ကို တပ်မတော်လေမှ ဗုံးကျဲတိုက် ခိုက်ရာ နေရာလွဲကြောင်း ယနေ့ နံနက်တွင် မျက်မြင်တွေ့ရှိသူ ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ပလောင်အကြမ်း ဖက် အင်အားအလွန်များပြီး ဟိုခိုရွာ၊ ဒိုးပင်ရွာ ကုလားကွဲရွာ၊ သံဘိုရွာ၊ ဘန့်ဘွေးကျင်းရွာ၊ ကျောက်ကြီးရွာ၊ ကုန်းကြီး (မြောက်)ရွာ၊ သုံးဆယ်ရွာ၊ ဆမ္မဆယ်ရွာ၊ အုမ္မခါးရွာ၊ လုံရုံးရွာ၊ ပင်တီးရွာ၊ ဆိတ်ဖူးရွာများတွင် တပ်ဖြန့်နေရာချထားပြီး ၎င်းတို့ စစ်ရေးရည်မှန်းချက်မှာ ပြင်ဦးလွင် ဖြစ်ကြောင်း သတင်းရရှိပါသည်။

■  နောင်ချိုမြို့နယ်၊စမ္မစယ်ကျေးရွာနှင့်သုံးစယ်ရွာတွင် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်း အင်အား ၃၀ဝ ကျော် ယနေ့ နံနက် ၈ နာရီ ၄၃ နာရီအချိန်ထိရှိနေကြောင်း၊ ပြည်ထောင်စုလမ်းမပေါ်မည်သူ့ကိုမျှဖြတ်ခွင့်မပြုတော့ကြောင်း ဒေသခံရွာသားများမှ သတင်း ပေးပို့လာပါသည်။

#PAN