ရေစကြိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွား PDF ၂ ဦး သေဆုံး

နိုဝင်ဘာ ၃

      မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ခွေးမြှုပ်ကျေးရွာအနီးအရောက်တွင် အကြမ်းဖက်သောင်းကျန်းသူ PDF များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက် PDF များ ထိခိုက်ဒဏ်ရာရများစွာဖြင့် ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ကြရသည်ဟု ဒေသခံရွာသားမှ သတင်းပေးပို့လာပါသည်။

      တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါ ဖြစ်စဥ်နေရာတွင် PDF အကြမ်းဖက်အလောင်း ၂ လောင်း၊ အမ်-၂၂ သေနတ် ၂ လက်၊ အမ်-၂၂ ကျည် ၂၂ တောင့် ၊ အမ်-၂၂ ကျည်အိမ် ၃ ခု၊ အိုင်ကွန် ၂ လုံး၊ မှန်ပြောင်း ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်း ဖက် PDF များမှာ ထောက်ပံငွေအလုံအလောက်မရရှိခြင်း၊ လက်နက်ခဲယမ်း ချို့တဲ့နည်းပါးလာခြင်း၊ ဒေသခံပြည်သူများ၏ ထောက်ခံအားပေး မှု မရှိတော့ခြင်းတို့ကြောင့် ဆက်လက်ရပ်တည်နိုင်ခြင်းမရှိတော့သဖြင့် အချို့မှာ တပ်မတော်ထံ လက်နက်အပ်ပြီးအလင်း ဝင်ရောက်ခဲ့ကြကြောင်း၊ အချို့မှာ EAOs များ၏ နယ်မြေများသို့ သွားရောက်ပြီး အသေခံတိုက်ပေးနေရကြောင်း၊ ၎င်းအဖွဲ့များကို EAOs များ က ၎င်း၏ ခိုင်ဖတ်၊ အသေခံခိုင်နေကြကြောင်း အလင်းဝင်လာသူ PDF လူငယ်တစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

#PAN