ဘောလွန်းဒီအောဆု ရခဲ့ပေမယ့် မေဂျာလိဂ်အကောင်းဆုံးဆုနဲ့ လွဲချော်ခဲ့တဲ့ မက်ဆီ

နိုဝင်ဘာ ၃

      အခုနှစ် မေဂျာလိဂ်ပြိုင်ပွဲရဲ့ မျက်နှာသစ်အကောင်းဆုံးကစားသမားဆုကို အတ္တလန်တာအသင်း ကစားသမား ဂျီအာကို မာကစ် က ရရှိသွားခဲ့ပါတယ်။

       ဂျီအာကို မာကစ် ဟာ ပွဲဦးထွက်ရာသီမှာ ၁၇ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီနဲ့ စိန့်လူးဝစ်အသင်း ကစား သမား လိုဝင် တို့ကို မဲအသာနဲ့ မေဂျာလိဂ်မျက်နှာသစ် အကောင်းဆုံး ကစားသမား ဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

       မက်ဆီ ဟာ ဒီရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက် ၆ ပွဲသာပါဝင် ကစားထားပေမယ့် ဒီဆုရဲ့ နောက်ဆုံးဆန်ကာတင်စာရင်း ၃ ဦးထဲမှာ ပါဝင်ခဲ့တာကြောင့် မေးခွန်း ထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

       မက်ဆီ ဟာ ဒဏ်ရာကြောင့် အင်တာမိုင်ယာမီအသင်းအတွက် မေဂျာလိဂ်ပွဲစဉ်အများအပြားကို လွဲချော်ခဲ့တာပါ။ ဒါပေမယ့် မက်ဆီ ဟာ အင်တာမိုင်ယာမီအသင်းကို လိဂ်ဖလားရယူပေးနိုင်ခဲ့ပြီး US Open ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ပြီး ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

#PAN