ကျိုက်ထိုမြို့နယ် နှင့် အုတ်တွင်းမြို့နယ်တို့တွင် ငွေကျပ် ၄ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၈ သိန်း ဖမ်းဆီးရမိ

နိုဝင်ဘာ ၃

      မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် ကျေးရွာအနီးတွင် ပဲခူးမှ မြဝတီဘက်သို့  ရဲမင်းအောင် မောင်းနှင်လာသည့် CHENG LONG TIPPER ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့သည်။

        ၎င်းနောက် ကွင်းဆက်ဖော်ထုတ်ချက်အရ အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂  နာရီခွဲအချိန် ပဲခူးတိုင်း ဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ အမှတ်(၂)ရွာမရပ်ကွက်၊ မြို့စိုးလမ်းရှိ ကျော်ဆွေ ပိုင်ဆိုင်သည့် မင်္ဂလာခန်းမ(၁)ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈ ဒသမ ၇ သိန်း၊ TOYOTA COROLLA AXIO မော်တော် ယာဉ် ၁ စီးတို့ကို သိမ်း ဆည်းရမိခဲ့သဖြင့်စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား ၂၆ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေး ယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူး လွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

#PAN