ကောလင်းမြို့အား အကြမ်းဖက်သောင်းကျန်းသူ KIA / AA/ PDF ပူးပေါင်းအဖွဲ့များက အင်အား အလုံးအရင်းဖြင့် ယနေ့ နံနက်က ဝင်ရောက်တိုက်ခိုက်

နိုဝင်ဘာ ၃

      စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အား အကြမ်း ဖက်သောင်းကျန်းသူ KIA / AA/ PDF ပူးပေါင်းအဖွဲ့များ က ယနေ့ နံနက် ၃ နာရီအချိန်မှစ၍ ယခု သတင်းရရှိချိန်ထိ ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။

      ကောလင်းမြို့ အနောက်ဖက် တဲကြီးကုန်း / ရွာမရွာများတွင် အကြမ်းဖက်များ၏ ကားများပြည်နှက်နေပြီး မြို့တွင်းရှိ ဧရာဝတီဘဏ်အနီး သုံးထပ်တိုက်များ အပေါ်မှ ရဲစခန်းအတွင်းသို့ပစ်ခတ်နေဟု မြို့ခံတစ်ဦးက သတင်းပို့လာပါသည်။

        နံနက် ၉ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် တပ်မတော်လေမှ လေကြောင်းပစ်ကူပေး လာရောက်တိုက်ခိုက်စဥ် အကြမ်းဖက်များမှာ ပုန်းအောင်းဝပ်နေကြပြီး လေယာဥ် ပြန်သွားသောအခါ ပြန်လည်ပစ်ခတ်နေကြကြောင်း၊ မြို့ တွင်း ဧရာဝတီဘဏ်၏ မြောက်ဖက် တိုက် ၃ လုံးပေါ်မှ ရဲစခန်းကို ဖိပစ်နေကြောင်း၊ အလားတူ နံနက် ၁၁ နာရီ  မိနစ်အချိန်ခန့်တွင် ကောလင်းမြို့၊ ပြင်ဦးလွင်ရပ်ကွက်၊ ထန်းတောလမ်းပေါ်မှ ထွေအုပ်ရုံးကို အင်အားသုံး ပစ်ခတ်နေကြောင်း၊ ထွေအုပ်ရုံးအတွင်းမှ လုံခြုံရေးအဖွဲ့မှ ပြန်လည်ခုခံ ပစ်ခတ်လျက်ရှိကြောင်း အဆိုပါ မြို့ခံက ဆက်လက်ပြောလာပါသည်။

      ကောလင်းရဲစခန်းနှင့် လယ်ကွင်းသာခြားသော အင်းပုတ်ကုန်းကျေးရွာအတွင်း အကြမ်း ဖက်အင်အား ၂၀၀ ကျော်ရှိနေပြီး ကောလင်းမြို့ အထက(၁) ၏ အရှေ့ဖက်  မိုက်ခရိုဝေ့ရုံးအဟောင်းအနီး ထန်းတောလမ်းပေါ်တွင်အကြမ်း ဖက်အင်အား ၁၀၀ ခ​န့် စုစည်းနေကြောင်း သိရပါသည်။

     ကောလင်းမြို့နယ်၊ခံသာကျေးရွာနှင့် ဖလဲကျေးရွာ အနီးတဝိုက်တွင် ယမန်နေ့ကတည်းက အကြမ်းဖက်သောင်းကျန်းသူ KIA / AA ပူး ပေါင်း ခန့်မှန်းအင်အား ၂၀၀ ခန့်နှင့် ဒေသတွင်းအကြမ်းဖက် PDF ခန့်မှန်အင်အား ၅၀ဝ ခန့်တို့ ခိုအောင်းရောက်ရှိနေခဲ့ကြောင်း သိရပါသည်။

       အဆိုပါအကြမ်းဖက်အဖွဲ့ခေါင်းဆောင်များ သည် ယမန်နေ့က ဖလဲကျေးရွာ ဥက္ကဋ္ဌ၏နေအိမ်နှင့် ၎င်းကျေးရွာရှိ အကြမ်းဖက်ခေါင်းဆောင်၏ နေအိမ်တို့တွင် ရှိနေကြကြောင်း ဒေသခံရွာသားမှ သတင်းပေးပို့လာသည်။

     ဖလဲကျေးရွာဥက္ကဋ္ဌကို အကြမ်းဖက်အဖွဲ့များမှသတ်ဖြတ်ခဲ့သည့်အတွက် ၎င်း၏မိသားစုမှာ ထွက် ပြေးတိမ်းရှောင်နေရသည်။ ဖလဲကျေးရွာ ဥက္ကဌ၏ နေအိမ်သည် ရွာအလယ်တွင်ရှိကြောင်းသိရသည်။

#PAN