၂၀၂၇ အထိ စာချုပ်သက်တမ်းတိုးလိုက်တဲ့ ဗီနီးစီးယပ်စ်

နိုဝင်ဘာ ၂

တိုက်စစ်မှူး ဗီနီးစီးယပ်စ်ဂျူနီယာကို ရီးရဲလ်မက်ဒရစ်အသင်းမှ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလိုက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဗီနီးစီးယပ်စ်ကို ၂၀၁၈ ခုနှစ်တုန်းက ဘရာဇီးနိုင်ငံ ဖလာမင်ဂိုအသင်းမှ ရီးရဲလ်သို့ ရောက်ရှိခဲ့ပြီး လာလီဂါရဲ့ ထိပ်တန်းကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး ၂၀၂၂ ခုနှစ်က လီဗာပူးနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ ဗီနီးစီးယပ်စ်သည် ပြီးခဲ့တဲ့ Ballon d’Or ဆုပေးပွဲမှာလည်း Socrates Award(လူသားအကျိုးပြုကြိုးပမ်းမှုဆု)ကို ရရှိထားသူလည်းဖြစ်ပါတယ်။