အကြမ်းဖက်သောင်းကျန်းသူ KKO (ခွဲထွက်)နှင့် PDF ပူးပေါင်းအဖွဲ့များက ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် တပ်ရင်းဌာနချုပ်ကို လာရောက်တိုက်ခိုက်ပြီး မြို့အတွင်း ဝင်ရောက်ပစ်ခတ်

နိုဝင်ဘာ ၂

      ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင်စစ် ဆေးရေးဂိတ်နှင့် မြို့တွင်းလုံခြုံရေးအဖွဲ့များ ၏ ကြပ်မတ်ဆောင်ရွက်နေခြင်းကြောင့်အေးချမ်းလာသည်ဖြစ်သော်လည်း ယမန်နေ့မှစပြီး ခုတ်ခွားကျေး ရွာ၊ သမိန်လစ်ကျေးရွာများတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ် ကြောင်းများနှင့် အကြမ်းဖက်သောင်းကျန်းသူ KKO (ခွဲထွက်)နှင့် PDF ပူးပေါင်းအဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အဆိုပါ အကြမ်းဖက်သောင်း ကျန်းသူများက တိုက်ကွက်​ဖော်ရန်ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

       ယနေ့ နံနက် ၅ နာရီခန့်တွင် အဆိုပါ အကြမ်း ဖက်သောင်းကျန်းသူများသည် ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် တပ်ရင်းဌာနချုပ်ကို Drone ဖြင့် ဗုံး ၂ လုံး လာရာက်ပစ်ချ တိုက်ခိုက်ခဲ့ပြီး တစ်ချိန်တည်းတွင် မြေပြင်မှလည်း ​အဆိုပါတပ်ရင်းကို တပ်၏ နောက် ကျော၊ အရှေ့တောင်ဘက်မှ စတင်တိုက် ခိုက်ခဲ့သည်ဟု သိရပါသည်။

      ယနေ့ နံနက် ၅ နာရီ ၁၈ မိနစ်အချိန်ခန့်တွင်
အကြမ်းဖက်သောင်း ကျန်းသူများသည် မြို့တွင်းသို့ အမှတ်(၆)ရပ်ကွက်၊ ပေါက်ချောင်လမ်း၊အရဟံဘုန်းကြီးကျောင်းအနီးမှ ဝင်ရောက်လာပြီးလုံခြုံရေးဆောင်ရွက်နေသော လ၀ကရုံး၊ ရဲစခန်းရှိ လုံခြုံ ရေးအဖွဲ့များ၊ စုပေါင်းရုံးသို့ လက်နက် ငယ်များဖြင့် ပစ်ခတ်ပြီး မြို့တွင်းတွင်လည်းအကြမ်းဖက်တပ်ဖွဲ့ဝင် တစ်နေရာ၂ ဦး၊ ၃ ဦးနှုန်းဖြင့် မြို့သိမ်းစစ်ဆင်ရေးအသွင်ဖြင့်သေနတ်ပစ်ဖောက်ခဲ့ကြောင်း၊ ယခု သတင်းရရှိအချိန်ထိတိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါသည်။

#PAN