ရှမ်းပြည်နယ်(မြောက်ပိုင်း) နောက်ဆုံးရ တိုက်ပွဲသတင်းများ

နိုဝင်ဘာ ၂

■  လားရှိုး
      နိုဝင်ဘာ(၁)ရက် ညနေ ၄ နာရီ ၄၇ မိနစ်အချိန်ခန့်တွင် မယ်ဟန်ရွာစစ်ဆေးရေးဂိတ်အား အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲများက Drop Bomb ဗုံးချတိုက်ခိုက်ခဲ့ပြီးလူ၊ပစ္စည်း ထိခိုက်မှု့မရှိကြောင်း၊ နမ့်ပေါင်ရွာအခြေ စိုက် လုံခြုံရေးစခန်းအား လက်ရှိအခြေထိ ထိန်းထားနိုင်ဆဲဖြစ်ကြောင်း၊ ယမန်နေ့ ညနေ ၆ နာရီမှ ည ၁၂နာရီ ကျော်အထိ လားရှိုးမြို့အခြေစိုက်တပ်ဌာနချုပ်တစ်ခုက လက်နက်ကြီးများ မကြာခဏပစ်ကူပေးခဲ့ကြောင်း သိရပါသည်။

■   နောင်ချို
      ဘန့်ဘွေးမှ တက်လာသော ယာဉ်တန်း(၂၂)စီးပါသော တပ်မတော်စစ်ကြောင်းသည် အုမ္မခါးနှင့် စမ္မဆယ်ကျေးရွာအနီးတွင် အကြမ်းဖက်သောင်း ကျန်းသူပူးပေါင်းအဖွဲများ၏ ခုခံမှု့များနှင့်ရင်ဆိုင်နေရပြီး လက်ရှိသတင်းပေးပို့ချိန်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ နှစ်ဖက် ထိခိုက်သေဆုံးရှိနိုင်ကြောင်း၊ ဂုတ်တွင်းအနီးတဝိုက်တွင် အခြေအနေမသိရသေးသော်လည်း လက်နက်ကြီးသံများမကြားရတော့ကြောင်း၊ ဂုတ်ထိပ်တံတားနားအနီးတွင် ယမန်နေ့ ညဦးပိုင်းက ထိတွေ့မှု့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

■  သိန္နီ
      နိုဝင်ဘာ ၁ ရက်နေ့ ညနေ ၆ နာရီမှ နိုဝင် ဘာ ၂ ရက်နေ့ နံနက် ၅ နာရီအချိန်ထိ ပစ်ခတ်သံများကြားနေရကြောင်း သိရသည်။

■  မူစယ်
      နိုဝင်ဘာ ၁ ရက်နေ့ ညဦးပိုင်းတွင် မူစယ်မြို့အနီး ထိတွေ့ပစ်ခတ်သံများကြားသိခဲ့ရကြောင်းသိရသည်။

■  ကျောက်မဲ
      နိုဝင်ဘာ ၁ ရက်နေ့ ညဦးပိုင်းတွင် ကျောက်မဲမြို့အနီးဝန်းကျင်တွင် ပစ်ခတ်မှု့များဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။

■  နမ္မတူ
      ပစ်ခတ်မှု့မရှိသော်လည်း နိုဝင်ဘာ ၂ ရက်နေ့တွင် ကျောင်းများ မဖွင့်ရန် ပြောဆိုထားကြောင်း ကြားသိရပါသည်။

■   နမ်းခမ်းကွမ်းလုံ အဆက်သွယ်မရပါ။

■  တန့်ယန်းမိုင်းရယ်ဟိုပန်လောက်ကိုင်ကုန်းကြမ်းမိုးမိတ်မဘိမ်းနမ့်ဆန်မန်တုံ မြို့များကို ဆက်သွယ်မှု့မရသေးပါ။ ၄င်းဒေသများသည် အများအားဖြင့် တိုက်ပွဲသံမကြားရသည့်မြို့များဖြစ်ကြောင်း သတင်းရရှိသည်။

#PAN