ရေဦးမြို့ လုံခြုံးရေးဂိတ်များနှင့် မြို့မရဲစခန်းတို့ကို လူသတ် အကြမ်းဖက် PDFအဖွဲ့များက ရှော့တိုက်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်


အောက်တိုဘာ ၂

ယနေ့ နံနက် ၁ နာရီကျော်ဝန်းကျင် အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ ရေဦးမြို့ ၊ မြို့ဝင်လုံခြုံရေးဂိတ်များဖြစ်သော အနောက်ဖက် သံသည်လမ်းဂိတ်၊ မြောက်ဖက်ရွှေပြည်သာဂိတ်၊ မြို့မရဲစခန်း‌နေရာတို့ကို လူသတ်အကြမ်းဖက် PDFအဖွဲ့များက ရှော့တိုက်ဒုံးဗုံး ၄၀ မမတို့ဖြင့် တချိန်တည်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ပစ်ခတ်မှုမှာ နံနက် ၃ နာရီအချိန်ခန့်ထိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရှိရပြီး မြို့အနောက်ဘက်ဂိတ်မှ ပြည်သူ့စစ် အဖွဲ့ဝင် ၁ ဦးခြေထောက်တွင် ထိခိုက်ဒဏ်ရာရခဲ့‌ကြောင်း၊ မြောက်ဘက်ဂိတ်အနီး လယ်ကွင်းထဲသို့ ဗုံးကျကွဲကြောင်းသိရပြီး တစုံတရာ ထိခိုက်မှုမရှိကြောင်း ၊ရေဦးမြို့မရဲစခန်းအတွင်းသို့ ကျရောက်သော ဗုံးမှာ ပေါက်ကွဲမှု မရှိကြောင်သိရပြီး၊ ရဲစခန်းအနီးဝန်းကျင်ရှိ စည်ပင်သာယာစျေး၊ လူနေအိမ်များပေါ်သို့ ဗုံးကျကွဲမှုများရှိကြောင်း၊ မီးသတ်ရုံးအရှေဘက် လူနေအိမ်ပေါ်ဗုံးကျရာ မသင်းဆိုသူ အမျိုးသမီး ၁ ဦး ခါးတွင် ဗုံးစထိမှန်ကြောင်း(မစိုးရိမ်ရ)ဒဏ်ရာရခဲ့ကြောင်း ၊ ဒေါ်အမာခေါက်ဆွဲဆိုင်ခေါင်မိုးပေါ်သို့ ဗုံးကျကွဲကြောင်း၊

လူထိခိုက်မှု မရှိကြောင်း စည်ပင်သာယာစျေးအတွင်း စိန်သီနန်းပန်းထိမ်ဆိုင်ရှေ့နှင့် အပ်ချုပ်ဆိုင်တို့အပေါ် ဗုံးကျပေါက်ကွဲမှုဖြစ်ရာ အပ်ချုပ်ဆိုင်မှ စက်ခေါင်းနှင့် ပစ္စည်းများပျက်စီးခဲ့ကြောင်း သတင်းရရှိပါသည်။

အကြမ်းဖက်များ ခိုအောင်နေရာသို့ လုံခြုံရေးအဖွဲ့များက နှိမ်းနင်းရှင်းလင်းနိုင်ရေး လုပ်ဆောင်လျှက်ရှိကြောင်းလည်း သိရှိရပါသည်။

#PAN