အဝေးပြေးယာဉ်များ တယ်လီမက်တစ် စနစ်တပ်ရမည်

နိုဝင်ဘာ ၂

      ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ဖြတ် သန်းသွားလာနေသည့် အဝေးပြေးခရီးသည်တင်ယာဉ်မျ အနေနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရန် တယ်လီမက်တစ်စနစ် တပ်ဆင်ရမှာဖြစ်ပြီး ထိန်း ချုပ်ရေးစင်တာမှ စောင့်ကြည့် သွားမည်ဖြစ် သည်ဟု အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သိရပါသည်။

    ယခင်က အမြန်လမ်းအသုံးပြုသည် ကုန်တင်ယာဉ်များသာ တယ်လီမက်တစ်စနစ် တပ်ဆင်ရခြင်းဖြစ်သော်လည်း ယခုအခါ ခရီးသည်တင်ယာဉ်များပါ တယ်လီမက်တစ်စနစ် တပ်ဆင်ရမည် ဖြစ်ပါသည်။ ခရီးသည်တင်ယာဉ်များမှာ တယ်လီမက်တစ်စနစ် တပ်ဆင်အသုံးပြုရန် ပြည်တွင်းကုမ္ပဏီများကို ဆောက်လုပ်ရေးဝန် ကြီးဌာနက တင်ဒါ ခေါ်ယူထားပါသည်။

     တင်ဒါလျှောက်ထားမည့် ကုမ္ပဏီများအနေနှင့် ကုမ္ပဏီမှတ်ပုံတင်မိတ္တူ၊ ကုမ္ပဏီ Profile၊ မြန်မာ နိုင်ငံတွင် စမ်းသပ်ထားသည့် နမူနာမှတ်တမ်းများ၊ အသုံး ပြုမည့်ပစ္စည်းနမူနာ၊ စနစ်၏လုပ်ဆောင်မှုအသေး စိတ်၊ ကုမ္ပဏီမှ တပ်ဆင် သုံးစွဲမည့် ကိရိယာများ၏ ထုတ်လုပ်သည့် မူရင်းနိုင်ငံနှင့် ဈေးနှုန်းအဆိုပြုလွှာ စသည့်အချက်များကို ပူးတွဲပေးပို့ရမည် ဖြစ်သည်ဟု သိရပါသည်။

      တင်ဒါတင်သွင်းမည့် ကုမ္ပဏီများအနေနှင့် ညွှန်ကြားရေးမှူး(မြို့ပြရုံး)၊ အမြန်လမ်းမကြီး ထိန်းသိမ်း ပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ကို နိုဝင်ဘာလ ၆ ရက်နောက်ဆုံးထား ပေးပို့ရမှာဖြစ်ကြောင်း သိရပါသည်။

#PAN