ဟိုင်းကြီးကျွန်းမြို့၊ မြတ်မော်တင်စေတီ၏ အနောက် မြောက်ဘက် ပင်လယ်ပြင်အတွင်း တိုက်ကင်းလှည့် ဆောင်ရွက်နေစဉ် မသင်္ကာဖွယ်စက်လှေ ၂ စီးပေါ်မှ တရား မဝင်ခိုးဝင်ဘင်္ဂါလီလူမျိုး ၁၆၇ ဦးနှင့် သယ်ဆောင်သူ လှေလုပ်သား ၁၀ ဦးတို့အား ဖမ်းစီးရမိ

နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ မြတ်မော်တင်စေတီ၏ အနောက်မြောက်ဘက် ပင်လယ် ပြင်အတွင်း စစ်ရေယဉ်-၅၅၃ မှ တိုက်ကင်းလှည့်ဆောင်ရွက်နေစဉ် မသင်္ကာဖွယ်စက်လှေ ၂ (သုတကျော်စက်လှေ၊ ဇေယျာအောင်စက်လှေ) စီးပေါ်မှ တရားမဝင်ခိုးဝင်ဘင်္ဂါလီလူမျိုး ကျား ၈၀ ဦး၊ မ ၈၇ ဦးနှင့် ယင်း ဘင်္ဂါလီလူမျိုး များအား သယ်ဆောင်သူ လှေလုပ်သား ၁၀ ဦး၊ ပေါင်း ၁၇၇ ဦးတို့အား ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ဖမ်းစီးရမိ ခဲ့ကြောင်း သိရှိရပါသည်။

၎င်း တို့အား ကမ်းထိုးစစ်ရေယာဉ်အမှတ်-၁၇၀၃ ဖြင့် ဟိုင်းကြီးကျွန်းမြို့မှ ငပုတောမြို့သို့ ခေါ်ဆောင်လာရာ နေ့လည် ၁ နာရီ ချိန်ခန့်တွင် ငပုတောမြို့၊ မြို့မဆိပ်ကမ်းသို့ရောက်ရှိပြီး ဇေယျာအောင်စက်လှေပေါ်မှ လှေလုပ်သားများမှ ချစ်ကို၊ ၂၉ နှစ်၊ (ဘ)ဦးပြုံးချို၊ အမှတ်(၃)ရပ်ကွက်၊ ဦးအောင်ဇေယျလမ်း၊ ဟိုင်းကြီးကျွန်းမြို့၊ ငပုတောမြို့နယ်(လှေဦးစီး)၊ စိုးဦး၊ ၃၇နှစ်၊ (ဘ)ဦးခင်စိုး၊ ဘုရားကြီးကုန်း အုပ်စု၊ ဒနုံးချောင်းကျေးရွာ၊ မော်လမြိုင်ကျွန်းမြို့နယ်(တက်မကူ)၊ ဇင်မောင်မောင်၊ ၂၇ နှစ်၊ (ဘ)ဦးခင်မောင်ဇော်၊ တကူးခြံကမ်းနားလမ်း၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့ (လှေလုပ်သား)၊ နေဆန်းလင်း၊ ၂၉ နှစ်၊ (ဘ)ဦးထွန်းနိုင်၊ ဆင်တင်ကြီးကျေးရွာ၊ သံတွဲမြို့နယ်၊(လှေလုပ်သား)၊ ဝင်းနိုင်၊ ၄၇ နှစ်၊ (ဘ)ဦးသိန်းမြင့်၊ အုန်းပင်ကျေးရွာ၊ ဒေးဒရဲမြို့နယ်(လှေလုပ်သား)နှင့် သုတကျော်စက်လှေ လှေလုပ်သားများမှ ကျော်စိုး၊ ၄၂ နှစ်၊ (ဘ)ဦးညွှန့်ဝင်း၊ ရိုးလေး ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့ (ပဲ့နင်း)၊ ကျော်ဇောလှိုင်၊ ၄၀ နှစ်၊ (ဘ)ဦးချစ်စိန်၊ ဆန်းတင် မော်ရပ်ကွက်၊ လေး တောင်မြို့နယ်၊ ရခိုင်ပြည်(စက်ပြင်ဆရာ)၊ လှရွှေစိန်၊ ၃၅ နှစ်၊ (ဘ)ဦးလြှဖူသန်း၊ ဆားပြင်ချေကျေးရွာ၊မိုးစဲကျွန်းအုပ်စု၊ ရသေ့တောင်မြို့နယ် (လှေလုပ်သား)၊ ဦးသန်းခင်၊ ၄၂ နှစ်၊ (ဘ)ဦးမှတ်ကြီး(ခ)ဦးသန်းအောင်၊ဂျိတ်တောရပ်ကွက်၊ ငပလီမြို့ နယ်၊ ရခိုင်ပြည်နယ်(တပ်မကူ)၊ ချမ်းသာ၊ ၃၂ နှစ်၊ (ဘ)ဦးမောင်စံထွန်း၊ မင်းငယ်ရပ်ကွက်၊ စစ်တွေမြို့နယ်၊ ရခိုင် ပြည်နယ် (လှေလုပ်သား)၊ ၁၀ ဦးတို့အား မြို့နယ်ရဲစခန်းအချုပ်တွင် ဖမ်းစီးထားရှိပြီး ကျန်ဘင်္ဂါလီလူမျိုး ကျား ၈၀ ဦး၊ မ ၈၇ ဦး၊ ပေါင်း ၁၆၇ ဦးတို့အား ငပုတောမြို့၊ အရှေ့ပိုင်းရပ်ကွက်၊ ရွှေမြကွင်းရပ်၊ မြတ်သုခလမ်းရှိ ကောင်းသန့်ရေ သန့်ဂိုဒေါင်တွင် ထိန်းသိမ်းထားရှိကြောင်း သိရှိရပါသည်။

ဖမ်းဆီးမိသော တရားမဝင်ခိုးဝင်ဘင်္ဂါလီလူမျိုး ၁၆၇ ဦးတို့အား ငပုတောမြို့နယ်ပြည်သူ့ကျန်းမာရေး ဌာနမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ဘင်္ဂါလီလူမျိုးကျား ၃ ဦး၊ မ ၁ ဦး၊ ပေါင်း ၄ ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ယင်း ၄ ဦးတို့အား ကောင်းသန့် ရေသန့်ဂိုဒေါင်တွင် သီးခြားအခန်းပြုလုပ်၍ ငပုတောမြို့နယ်ကျန်းမာရေးဝန်ထမ်းများမှ ရောဂါကုသမှုဆောင်ရွက်ပေးလျက်ရှိပြီး၊ တရားမဝင်ခိုးဝင်ဘင်္ဂါလီလူမျိုးများအား သယ်ဆောင်လာသော လှေလုပ် သား ၁၀ ဦးတို့အား အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN