မြန်မာပြည်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေ ချက်ချင်း ရပ်ဆိုင်းဖို့ တရုတ်နိုင်ငံ တိုက်တွန်း

နိုဝင်ဘာ ၂

မြန်မာပြည် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်ဆိုင်းဖို့ တရုတ်နိုင်ငံက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) တရုတ်နယ်စပ်နားမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့ကနေစပြီး ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ချက်ချင်းရပ်ဆိုင်းဖို့ တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။

“တိုက်ပွဲအတွင်း သက်ဆိုင်သူအားလုံး ချက်ချင်းအပစ်ရပ်ဖို့ တရုတ်နိုင်ငံက တိုက်တွန်းတယ်”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ တိုက်တွန်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အဲဒီအပြင် မတူကွဲပြားတာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင်ဖြေရှင်းကြဖို့ကိုလည်း သူ့အနေနဲ့ တိုက်တွန်းတယ်လို့ ပြောဆိုထားပါတယ်။

#PAN