မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ ကော့သောင်းမြို့၏အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာ၌ ဖမ်းဆီးရမိ

နိုဝင်ဘာ ၁

      နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ် မျိုး ဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စုတစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုများအား ထိရောက်စွာ တားဆီးကာကွယ်တိုက်ဖျက်ရေးကို  အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်သတ်မှတ် ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

        ထို့ပြင် မူးယစ်ဆေးဝါးသယ်ဆောင်လေ့ရှိသည့် လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေဖော် ထုတ် ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်နေသကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးတားဆီးနှိမ်းနှင်ရေး ပူးတွဲစစ်ဆင်ရေးများကို ဆောင်ရွက်ခြင်းများကြောင့် နိုင်ငံဖြတ်ကျော်မူးယစ်ဂိုဏ်းများသည် ပင်လယ်ရေကြောင်း၏ အားသာချက်ကို အသုံးချကာ ရေလမ်းကြောင်းများအား ပြောင်းလဲအသုံးပြုလာသည်ကို တွေ့ရှိရပါသည်။

       ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်တွင် နိုင်ငံဖြတ်ကျော်မူးယစ်ဂိုဏ်း များသည် မူးယစ်ဆေးဝါးများအား ပင်လယ်ရေလမ်းကြောင်းကို အသုံးပြုကာ မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ကြိုတင်သတင်းများ ရရှိခဲ့ပါသည်။ သို့ဖြစ်၍ မြန်မာ့တပ်မ တော်(ရေ)မှ  ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာ၌ ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ  မလေးရှားနိုင်ငံဘက်သို့ ဦးတည် ခုတ်မောင်းလာသည့်  စက်လှေ ၁ စီးပေါ်မှ တရားခံ မင်းမင်းစိုး၊ အောင်မင်းသူ၊ သူရဦး(၁)၊ ရန်ပိုင်စိုး၊ မြင့်ထွန်း၊ ဝင်းလှိုင်ဦး၊ သူရဦး(၂)တို့အား GUANYINWANG စာတမ်းပါ အထုပ်များအတွင်းမှ ICE ၂၆၀၀ ကီလိုဂရမ်၊ ကာလတန်းဖိုး ငွေကျပ် ၁၀၄ ဘီလီယံခန့်အား ဖမ်းဆီးရမိခဲ့သည်။

      ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံပြေး ညီညီ သည် မလေးရှားနိုင်ငံရှိ မူး ယစ်ဆေးဝါးဂိုဏ်းများဖြင့် ချိတ်ဆက်ကာ ပင်လယ်ရေ လမ်းကြောင်းကို အသုံးပြု၍ မလေးရှားနိုင်ငံသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်နေခြင်း ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးများအား မလေးရှားနိုင်ငံ ရေပိုင်နက်အတွင်းသို့ ရောက်ရှိပါက တရားခံပြေး ညီညီ ချိတ် ဆက်ပေးမည့် မလေးရှားနိုင်ငံရှိ မူးယစ်ဆေးဝါး ဝယ်ယူသူထံ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

      သို့ဖြစ်၍ တရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရားခံပြေး ညီညီ အပါအဝင် ဆက် စပ်တရားခံ များအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ် ဆေးဝါးသယ်ဆောင်သည့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်ထားပါသည်။

#PAN