မန္တလေးတွင် ကျပ်သိန်း ၅၄၀၀ ကျော်တန်ဖိုးရှိစိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နိုဝင်ဘာ ၁

      မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး၊အောင် မြေသာစံနှင့် ချမ်းမြသာစည်စသည့် မြို့နယ်များတွင် အောက်တိုဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့က ကာလ တန်ဖိုးငွေကျပ်သိန်း ၅၄၀၀ ကျော်တန်ဖိုးရှိ၊စိတ်ပြောင်းမူးယစ်ဆေးဝါးများအား မူးယစ်ဆေး ဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

         ဖြစ်စဥ်မှာ အောက်တိုဘာလ ၂၈ ရက် မွန်း လွဲ ၁ နာရီခွဲအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊အုန်းချောကျေးရွာအနီးတွင်စည်သူ (ခ)စည်သူထွန်းနှင့်သန်းထွန်း(ခ)အားချန်တို့အား ALPHARD မော်တော်ယာဉ် ၁ စီး၊ HONDA CIVIC မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၂၀၇.၅ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၄၉ သိန်း)၊ ကက်တမင်း အလေးချိန် ၇၇ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၃၀.၈ သိန်း)နှင့်လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ ​

       ၎င်းတို့ကို စစ်ဆေး​ခဲ့ရာ ဖော်ထုတ်ချက်အရ
ညနေ ၅ နာရီခွဲအချိန်ခန့်တွင် သန်းထွန်း (ခ)အားချန် နေထိုင်သည့် ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(၁)ရပ် ကွက်၊၁၀၁(A)x ၁၀၂ လမ်းကြား (၆၄A) လမ်းရှိနေအိမ်မှ Happy Water အလေး ချိန် ၃.၃၄၂ ကီလို (ဒေသကာလပေါက် ဈေးတန် ဖိုးငွေကျပ် ၄၀၁၀.၄ သိန်း)၊ကက်တမင်း အလေး ချိန် ၉၇၀ ဂရမ် (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၃၈၈ သိန်း) နှင့်မော်တော် ဆိုင်ကယ် ၁ စီးတို့ကို၊ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးဖော် ထုတ်ချက်များအရ အောက်တိုဘာလ ၂၉ ရက် နံနက် ၁ နာရီခွဲအချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊သီရိမာလာရှေ့ ရပ်ကွက်၊(၈၇C)လမ်းနှင့် (၂၃E)လမ်းထောင့်တွင် ညီပူး (ခ)ပလောင်အား Happy Water အလေးချိန် ၅၇၅ ဂရမ်(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၆၉၀)၊ကက်တမင်း အလေး ချိန် ၉၀ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၃၆ သိန်း)နှင့်လက်ကိုင်ဖုန်း ၁ လုံးတို့အားလည်း ကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

        အဆိုပါ စိတ်ပြောင်းမူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရှိခဲ့သည့် စည်သူထွန်း(ခ) စည်သူ၊၂၅ နှစ်၊သန်းထွန်း(ခ)အားချန်၊ ၂၄ နှစ်နှင့် ညီပူး(ခ)ပလောင်၊ ၂၃ နှစ်တို့ကို သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရ၊အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ် လျက် ရှိကြောင်းသိရသည်။

#PAN