ပြည်ပရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် နှစ်စဉ် ရရှိ

နိုဝင်ဘာ ၁

       ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် နှစ်စဉ်ရရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါသည်။ ကိုဗစ်ကာလမတိုင်ခင်နှင့် ကိုဗစ်ကာလမှာလည်း ယင်းပမာဏအတိုင်း တင်ပို့ခဲ့ခြင်း ဖြစ်သည့်အတွက် တင်ပို့မှုများ လျော့ကျမှုမရှိခဲ့ကြောင်း ဆိုပါသည်။

      ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ  စက်တင် ဘာလအတွင်း ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ် ထွက်ပေါက်များမှတစ်ဆင့် ပြည်ပသို့ ရေ ထွက်ကုန် တင်ပို့မှုအနေနှင့် တန်ချိန် ၁၇၅,၀၀၀ ကျော်တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် အချက်အလက်များအရ သိရပါသည်။ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၇၆ သန်းကျော်ရရှိထားသည်ဟု သိရသည်။

     မြန်မာ့ရေထွက် ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန် နှင့် ဥရောပနိုင်ငံများသို့တင်ပို့လျက်ရှိပြီး တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းများက တစ်ဆင့်လည်း ငါး၊ ပုစွန်၊ ဂဏန်း စသည့် ရေ ထွက်ကုန်များ ပုံမှန်တင်ပို့လျက်ရှိပါသည်။

#PAN