ဓားစာခံများ လွတ်မြောက်ရေးနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံခြားဝန်ကြီး အရှေ့အလယ်ပိုင်းသို့ ရောက်ရှိ

နိုဝင်ဘာ ၁

      ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီး ဘာဟီဒါနုကာရာ သည် ဟားမက်စ်အဖွဲ့က အဓမ္မဖမ်းဆီးခေါ်ဆောင် သွားသော ထိုင်းနိုင်ငံသားများ ကို ကူညီနိုင်ရေးနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရန်အတွက် အရှေ့အလယ်ပိုင်း သတင်းရပ်ဝန်းတွင် ဖော်ပြထားသည်။

       ထိုင်းနိုင်ငံခြားရေးဝန်ကြီး သည် အောက်တို ဘာ လ ၃၁ ရက်တွင် ကာတာနိုင်ငံသို့ ထွက်ခွာလာခဲ့ခြင်း ဖြစ်ကြောင်း၊ ဒိုဟာမြို့တွင် ဟားမက်စ်အဖွဲ့၏ နိုင်ငံ ရေးဆိုင်ရာရုံးတစ်ရုံး ရှိကြောင်းနှင့် အဖွဲ့ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ  အပါအဝင် ထိပ်တန်းအရာရှိများ ထိုနေရာတွင် လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

        ထိုင်းနိုင်ငံ၏ ထိပ်တန်းသံတမန်သည် အစ္စရေးနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အီဂျစ်နိုင်ငံသို့ လည်း သွားရောက်မည်ဖြစ်သည်။ အီဂျစ်နှင့် ကာတာနိုင်ငံတို့သည် ပြီးခဲ့သည့်သီတင်းပတ်က သက်ကြီးပိုင်း အစ္စရေး အမျိုး သမီးနှစ်ဦး လွတ်မြောက်ရေးနှင့် ပတ် သက်ပြီး ကြားဝင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

      ပန်ပရီးအနေဖြင့် အဆိုပါဒေသတွင် ကြာသာပတေးနေ့အထိ ရှိနေမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ခြားရေးခြားရေး ဝန်ကြီးဌာန က ပြောသည်။ ယခုလ အစောပိုင်းတွင် အစ္စရေးနိုင်ငံတောင်ပိုင်းသို့ ဟားမက်စ်အဖွဲ့က အလစ်အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်မှု အတွင်း ထိုင်းနိုင်ငံသား ၂၂ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ထိုင်းအစိုးရက ပြောသည်။ ထို့အပြင် ထိုင်းအစိုးရက ထိုင်းနိုင်ငံသား ၃၂ ဦးသေဆုံးကြောင်းနှင့် ဂါဇာကမ်းမြောင်တွင် အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားသော ထိုင်းနိုင်ငံသား ဓားစာခံများအားလုံးကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုထားကြောင်း NHK သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN