ငါန်းဇွန်မြို့နယ်တွင် အပြစ်မဲ့ပြည်သူ အမျိုးသမီးနှစ်ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံရ

နိုဝင်ဘာ ၁
ယမန်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြိုနယ်၊ လက်ပံသာကျေးရွာအုပ်စု၊ လက်ပံသာ(ခ)တလင်းကုန်းကျေးရွာတွင် အပြစ်မဲ့အမျိုးသမီးတစ်ဦးကို လူသတ်အကြမ်းဖက် PDF အဖွဲက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်းသိရပါသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညပိုင်းက ဒေါ်ခင်မာနွယ် ၅၅ နှစ်နှင့် ဒေါ်ခင်နွဲ့ ၅၄ နှစ်တို့သည် ၎င်းတို့၏ နေအိမ်များတွင် အသီးသီးရှိ နေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် လူသတ်အကြမ်းဖက် PDF ၄ ဦး ရောက်ရှိလာပြီး ဒေါ်ခင်မာနွယ်နှင့် ဒေါ်ခင်နွဲ့တို့အား နေအိမ်ဝိုင်းအပြင် လမ်းပေါ်သို့ ခေါ်ထုတ်၍ ဓားဖြင့်ထိုး/ခုတ်သတ်ဖြတ်ခဲ့ရာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ရကြောင်း သိရှိရပါသည်။

ငါန်းဇွန်မြို့နယ်သည် အပြစ်မဲ့ပြည်သူများ မကြာခဏ သတ်ဖြတ်ခံနေရပြီး အုပ်ချုပ်မှုအလှမ်းကွာသည့် ဒေသများတွင် တရားဥပဒေ စိုးမိုးမှုကင်းမဲ့နေကြောင်း သိရှိရပါသည်။

#PAN