ဂါဇာကမ်းမြောင် ဒုက္ခသည်စခန်းကို အစ္စရေးက တိုက်ခိုက်မှုကြောင့် ဒေါသ ကြီးထွားလာ

နိုဝင်ဘာ ၁

     လူသားချင်းစာနာထောက်ထားမှုအဖွဲ့များ သည် Jabalia ဒုက္ခသည်စခန်းအား အစ္စရေး၏ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အသေအပျောက်များသော လေကြောင်းတိုက်ခိုက်မှုသည် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးရရှိရန် ကမ္ဘာ့ခေါင်းဆောင်များအား နိုးကြားမှုတစ်ခုဖြစ်သင့်သည်ဟု ပြောကြားခဲ့သည်။

     အနီးနားရှိ အင်ဒိုနီးရှားဆေးရုံ၏ ဒါရိုက်တာက အယ်လ်ဂျာဇီးရားဝန်ထမ်းတစ်ဦး၏ ဆွေမျိုး သားချင်း ၁၉ ဦးအပါအဝင် လူ ၅၀ ထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် အခြားအများအပြား ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

      ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Al-Shifa နှင့် Indonesian ဆေးရုံများသည် ဓာတ်အားပေးစက်များ လောင်စာဆီကုန်နေခြင်းမှာ နာရီပေါင်းများစွာရှိနေကြောင်း သတိပေးခဲ့သည်။

       ဒါဇင်နှင့်ချီသည့် ဒဏ်ရာရ ပါလက်စတိုင်းများကို အီဂျစ်ဆေးရုံများမှာ ကုသမှုခံယူရန် Rafah ဖြတ်ကျော်ပြီး ဗုဒ္ဓဟူးနေ့က ဗုံးကြဲတိုက် ခိုက်ခံခဲ့ရသည့် နယ်မြေမှ ထွက်ခွာခွင့်ပြုမည်ဟု ဂါဇာနယ်စပ်အေဂျင်စီက ပြောပါသည်။

      ပါလက်စတိုင်း ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ က ဂါဇာကမ်းမြောင်မှ နိုင်ငံခြားသုံ့ပန်းအချို့ကို မကြာမီရက်ပိုင်းအတွင်း လွှတ်ပေးမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

       ဂါဇာကမ်းမြောင်ဒေသတွင် အောက်တိုဘာ ၇ ရက်ကတည်းကစ၍ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း အနည်းဆုံး ၈,၅၂၅ ဦး သေဆုံးခဲ့ပြီး၊ အစ္စရေးတွင် လူ ၁၄၀၀ ကျော် သေဆုံးခဲ့သည်။

Source; Aljazeera

#PAN