Thai Fight မွေထိုင်းလက်ဝှေ့ပွဲတွင် ကယန်းလက်ဝှေ့မယ် ဘရော်နီကာ အနိုင်ရ

အောက်တိုဘာ ၃၁

ထိုင်းနိုင်ငံ လော့ပ်ဘူရီမြို့၌ အောက်တိုဘာ ၂၉ ရက် ညနေပိုင်းက ကျင်းပခဲ့သည့် Thai Fight ကလပ်၏ မွေထိုင်းလက်ဝှေ့ စိန်ခေါ်ပွဲတွင် ကယန်းလက်ဝှေ့မယ် ဘရော်နီကာက ထိုင်းလက်ဝှေ့မယ် ဖယာဆင်ကို သုံးချီအထိ ယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီးနောက် အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲသည် ဘရော်နီကာအတွက် ပြိုင်ပွဲနှင့် လေးလကြာ ဝေးကွာခဲ့ပြီးနောက် ပြန်လည်ထိုးသတ်ခဲ့သည့်ပွဲဖြစ်ပြီး ကျန်းမာရေးအခြေအနေကြောင့် ဆေးသွင်းပြီး ယှဉ်ပြိုင်ထိုးသတ်ခဲ့ရခြင်းဖြစ်သည်။ ပွဲအတွင်း တံတောင်နှင့် လက်သီးတို့ကို အားပြုအသုံးချယှဉ်ပြိုင်ခဲ့ပြီး သုံးချီမြောက်တွင် အမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ အမျိုးသမီးမွေထိုင်း ၅၃ ကီလိုဝိတ်တန်း ကမ္ဘာ့နံပါတ်(၁) နေရာရထားသည့် ဘရော်နီကာသည် ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းတွင် ထိုင်းကလပ် Thai Fight ကို ရောက်ရှိခဲ့ပြီးနောက် တစ်နှစ်ခွဲကျော်အတွင်း ၁၅ ပွဲ ယှဉ်ပြိုင်ထိုးသတ်ထားပြီး ၁၄ ပွဲ အနိုင်ရရှိထားကြောင်း သိရသည်။

ဘရော်နီကာသည် ပြီးခဲ့တဲ့လ ဇွန် ၁၈ ရက်က Thai Fight ပြိုင်ပွဲတွင် ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် ဗီယက်နမ်လက်ဝှေ့မယ် သီရသီဖုန်းကိုလည်း အနိုင်ရရှိခဲ့ပါသည်။