လီယွန်နယ်မက်ဆီ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၈ ကြိမ်မြောက်ရရှိ

အောက်တိုဘာ ၃၁

ကမ္ဘာ့ဖလားဆုရှင် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီနဲ့ စပိန် အမျိုးသမီး ကွင်းလယ်ကစားသမား အိုက်တာနာဘွန်မာတီတို့ ၂၀၂၃ ခုနှစ်အတွက် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုတွေ အသီးသီး ရရှိသွားပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက နှစ်စဉ်ပေးအပ် ချီးမြှင့်တဲ့ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုပေးပွဲကို အောက်တိုဘာ ၃၀ ရက်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပခဲ့ကာ ၄င်းဘလွန်းဒီအောဆုကို ကမ္ဘာတဝန်းက အားကစား ဂျာနယ်လစ် ပေါင်း ၁၀၀ ကျော်က မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

2023 Ballon d’Or!!!

အကောင်းဆုံး ကစားသမားဆု – လီယွန်နယ် မက်ဆီ (အင်တာမိုင်ယာမီ/အာဂျင်တီးနား)
အကောင်းဆုံး ကစားသမားဆု(အမျိုးသမီး) – ဘွန်မာတီ (ဘာစီလိုနာ/စပိန်)
အကောင်းဆုံး တိုက်စစ်ကစားသမားဆု – ဟာလန်း (မန်စီးတီး/နော်ဝေ)
အကောင်းဆုံး လူငယ် ကစားသမားဆု – ဘယ်လင်ဟမ် (ရီးယဲလ်မက်ဒရစ်/အင်္ဂလန်)
အကောင်းဆုံး ဂိုးသမားဆု – အယ်လ်မီ မာတီနက်ဇ် (ဗီလာ/အာဂျင်တီးနား)
Socrates Awards(လူသားအကျိုးပြုမှုဆု) – ဗင်နီစီယပ်စ် (ရီးယဲလ်မက်ဒရစ်/ဘရာဇီးလ်)
တစ်နှစ်တာရဲ့ အကောင်းဆုံး ကလပ်အသင်း – မန်ချက်စတာ စီးတီး
တစ်နှစ်တာရဲ့ အကောင်းဆုံး ကလပ်အသင်း(အမျိုးသမီး) – ဘာစီလိုနာ