ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံး ရေအောက်ဥမင်လိုဏ်ခေါင်း ဖွင့်လှစ်

အောက်တိုဘာ ၃၁

       တရုတ်နိုင်ငံက တည်ဆောက်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ပထမဆုံး ရေအောက်ဥမင်လိုဏ် ခေါင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်ရှိတ်ဟာဆီနာက အောက် တိုဘာ ၂၈ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

      ဟာဆီနာနှင့် တရုတ်သံအမတ် ယာဝမ်တို့ သည် Bangabandhu Sheikh Mujibur Rahman ဥမင်လိုဏ် ခေါင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

       မြို့တော် ဒါကာ၏အရှေ့တောင်ဘက် ၂၄၂ ကီလို မီတာ အကွာအဝေးတွင် တည်ရှိသည့် ၎င်းဥမင်လိုဏ် ခေါင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် တရုတ်အစိုးရတို့၏ ပူးပေါင်းရန်ပုံငွေဖြင့် China Communications Construction Company Ltd., က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

       ၎င်းဥမင်လိုဏ်ခေါင်းကို တရုတ်ဒီဇိုင်း၊ နည်း ပညာနှင့် စံချိန်စံညွှန်းများဖြင့် တည်ဆောက်ထားကြောင်း ပရောဂျက်မန်နေဂျာ ယူဂျင်တိုင်က ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

        တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၏ ကာလ ကြာ ရှည် မိတ်ဆွေဖြစ်ကြောင်း ဒေသခံ အနန်ဗောဝါက ပြောသည်။ ၎င်းဥမင်လိုဏ်ခေါင်းသည် နိုင်ငံအတွင်း ဆက်သွယ်မှုခေတ်သစ်တွင် ကြီး မားသော အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကုန်းလမ်းပို့ဆောင်ရေးနှင့် တံတားဝန်ကြီး Obaidul Quader က ပြောကြားသည်။

        ယခုဖွင့်လှစ်သည့် ဥမင်လိုဏ်ခေါင်း နှင့် အတူ ကြီးမားသော ပရောဂျက်များ ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်တကောင်းတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Saiful Islam Chowdhury က ပြောကြားပြီး ၎င်းစီမံကိန်းများ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွား ရေး ဖွံ့ဖြိုးတိုး တက်ရေးတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဟု ယုံကြည်ကြောင်း ထပ်မံပြောကြားခဲ့သည်။

        “တရုတ်နိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စီးပွားရေးကို တိုးချဲ့ဖို့၊ စီးပွားရေးကို ချဲ့ထွင်ဖို့နဲ့ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူ တကွကြိုးစားနေတယ်လို့ မိမိထင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

        ယခုနှစ်သည် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း ၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်နှစ်ဖြစ်သည်။

#PAN