ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့အကြား (၇)ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး ကျင်းပ

အောက်တိုဘာ ၃၁

      တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီး H.E. Mr. Wang Xiaohong ဦးဆောင် ၍ ဒုတိယဝန်ကြီးအဆင့် ပုဂ္ဂိုလ်များ၊ညွှန်ကြား ရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများပါဝင် သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် နေပြည်တော်သို့ ရောက်ရှိကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထဲရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ညနေ ၄ နာရီတွင် နေပြည်တော် Horizon Lake View ဟိုတယ်ရှိ Presidential Suite ၌ အလွတ်သဘော တွေ့ဆုံဆွေး နွေးကြသည်။

       ထို့နောက် (၇)ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဝန်ကြီး အဆင့် အစည်းအဝေးကို ညနေ ၅ နာရီတွင် နေပြည် တော် Horizon Lake View ဟိုတယ်ရှိ State Meeting Room ၌ ကျင်းပသည်။

       အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီးရာပြည့် ဦးဆောင်၍ ဒုတိယဝန်ကြီးနှင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး ၊လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် အဆင့် မြင့်အရာရှိကြီးများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီး Mr. Wang Xiaohong ဦး ဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

       အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသ တည် ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံ ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးဆောင်ရွက်မှုဖိုရမ် (Lianyungang)နှင့် တရုတ် – အာဆီယံရဲတပ်ဖွဲ့ဖိုရမ်ကဲ့သို့သော အစည်းအဝေးများ တက်ရောက်နိုင်ရေး လန်ချန်း – မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ငါးနှစ်လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၇)ကို အကောင် အထည်ဖော် ဆောင် ရွက်ရေး၊ လူမှောင်ခိုမှု၊ ဆက်သွယ်ရေးစနစ်အသုံးပြုလိမ်လည်မှု၊ ဆိုက်ဘာရာဇ ဝတ်မှု၊ ငွေ ကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် လောင်း ကစားမှု၊ မူးယစ်ဆေးဝါးမှုနှင့် လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက်
ရေး၊ လန်ချန်း-မဲခေါင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များတွင် ဆောင်ရွက်ရေး၊ စီမံကိန်းကြီးများလုံခြုံရေး၊ တရုတ်နိုင်ငံ သား တရားခံပြေးများ ဖမ်းဆီးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးရေး၊ နယ်မြေချင်း ထိစပ်နေသော တရားဥပဒေစိုးမိုး ရေးဆိုင်ရာ အဖွဲ့အစည်းများအကြား ဆက်သွယ်ဆက်ဆံရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ဖြစ်ပွားသော ရာဇဝတ်မှုများနှင့် စပ် လျဉ်း၍ သု တေသနလုပ်ငန်းများ ပူးတွဲဆောင်ရွက်ရေး၊တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊သတင်းအချက် အလက် ဖလှယ်ရေး၊ အမှုဖြစ်စဉ်စုံစမ်းစစ်ဆေးရေးတို့နှင့်စပ်လျဉ်း၍ တရားဥပဒေ စိုးမိုးရေးဆိုင် ရာ အဖွဲ့အစည်းများ၏ စွမ်းရည်မြှင့်တင်နိုင်ရန် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် လေ့ကျင့်ရေးအစီအစဉ်များ ပူးတွဲရေးဆွဲရေး၊ အနာဂတ်တွင် နယ် စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူး ပေါင်းဆောင်ရွက်မှု ဆိုင်ရာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရန် သက် ဆိုင်ရာ ပြည်တွင်း ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နှစ်ဖက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံသက်ဆိုင်ရာ ဝန်ကြီးဌာနနှစ်ရပ်အကြား အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက် ဖလှယ် ၍ နိုင်ငံဖြတ်ကျော် မှုခင်းများအား တားဆီးနှိမ်နင်းနိုင်ရန် ဆက်သွယ်ဆက်ဆံရေးစနစ်တစ်ရပ် ထားရှိရေးတို့ကို ချစ်ကြည်ရင်းနှီးစွာညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

       ဝန်ကြီးအဆင့် အစည်းအဝေးအပြီးတွင် ညှိ နှိုင်းဆွေးနွေးခဲ့သည့် အချက်များကို ထိရောက်အကျိုးရှိစွာ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေး မှတ် တမ်းအား နှစ်နိုင်ငံဝန် ကြီးများက လက်မှတ်ရေး ထိုးခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

      ညပိုင်းတွင် မြန်မာ-တရုတ် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သတ္တမ အကြိမ် ဝန်ကြီးအဆင့်အစည်းအဝေး ဂုဏ်ပြုညစာစားပွဲနှင့် ဖျော်ဖြေပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။

#PAN