တရားမဝင် သစ်မျိုးစုံ၊ ကြွေထည်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ တိရစ္ဆာန်ဆေးဝါးများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

အောက်တိုဘာ ၃၁

       တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင် ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ် ဆေးမှုများ ဆောင်ရွက်ရာတွင် အောက်တို ဘာ ၂၈ ရက်တွင် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ မုပ္ပလင် – စွပ္ပနူး – အင်္ဂဘို ရှောင်ကွင်းလမ်းအနီး ရပ်တန့်ထားသော လိုင်စင်မဲ့ Honda Fit ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)ကို လည်း ကောင်း၊ အောက်တိုဘာ ၂၉ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်နှစ်စီးနှင့် သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကြွေပန်းကန်မျိုးစုံ ကီလိုဂရမ် ၄၅၀၊ Porcelain Pillar ကြွေတိုင်ကီလိုဂရမ် ၅၄၀၀၊ Prawn Hornet စားအုန်းဆီလီတာ ၁၄၄၀ အပါအဝင် ကုန် ပစ္စည်းငါးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁,၈၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Caravan 88 Toyota Hiace တစ်စီး၊ Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့် မှန်းတန်ဖိုးငွေကျပ် ၈၄,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်(သွင်း ကုန်)၌ ဝန်စည်တစ်ခုအတွင်းမှ မူးယစ်ဆေးဝါးဟုယူဆရသော အမှုန့်များ ခြောက်ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၀၀၀,၀၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့် မှန်းတန်ဖိုးငွေကျပ် ၁၉၁,၈၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

     ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့် ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၈ ရက်တွင် တောင်ငူခရိုင်အတွင်း ၌ တရားမဝင်ကျွန်းသစ် ၃၉ ဒသမ ၂၁၂ တန် (ခန့်မှန်းတန်ဖိုးငွေ ၁၇,၈၈၀,၃၂၄ ကျပ်)ကို လည်းကောင်း၊ အောက် တိုဘာ ၃၀ ရက်တွင် ပဲခူးခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် သုည ဒသမ ၅၂၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၃,၈၆၀)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ၁၈,၂၂၄,၁၈၄ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

       ထို့အတူ အောက်တိုဘာ ၂၉ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာ ဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၈/၄)နှင့် (၈/၃)ကြား ၌ တရားမဝင်ကျွန်းသစ် ၄ ဒသမ ၁၀၁ တန် (ခန့် မှန်းတန်ဖိုးငွေကျပ် ၅,၇၄၂,၅၂၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Toyota Dyna တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၇၄၂,၅၂ဝ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

      ထို့အပြင် အောက်တိုဘာ ၃၀ ရက်တွင် စစ်ကိုင်း တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာ ဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်အတွင်း၌ တရားမဝင် ဆေး ဝါးများဖြစ်သည့် Gut Boost တိရစ္ဆာန်အားဆေး ၁၇၃၇ ဘူး အပါ အဝင် တိရစ္ဆာန်ဆေးဝါး ၁၃ မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၉၂,၇၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အမျိုးသားဆေးဝါးဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

      သို့ဖြစ်ပါ၍ အောက်တိုဘာ ၂၈ ရက်၊ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဖမ်းဆီးရမိမှ စုစုပေါင်း မှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုးငွေ ၂၄၄,၇၅၉,၄၀၄ ကျပ်)ဖြစ် ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦး ဆောင်ကော်မတီမှ သိရသည်။

#PAN