ဂါဇာတွင် ဟားမတ်စ်တို့၏ ဓားစာခံဖမ်းဆီးထားသော အစ္စရေးစစ်တပ်မှ အမျိုးသမီးစစ်သားတစ်ဦးကို ကယ်တင်နိုင်ခဲ့

အောက်တိုဘာ ၃၁

      IDF အထူးတပ်ဖွဲ့နှင့် Shin Bet ထောက်လှမ်း ရေးအေဂျင်စီတို့သည် တနင်္ဂနွေနေ့ညတွင် ဂါဇာတွင် မြေပြင်စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၇ ရက် အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဟားမတ်စ်မှ ပြန်ပေးဆွဲသွားသော အစ္စရေး အမျိုးသမီးစစ်သားတစ်ဦးကို ကယ်တင်ခဲ့ကြောင်း IDF နှင့် Shin Bet က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

      Private Uri Magidish သည် အစ္စရေးစစ်သား ဒါဇင်ပေါင်းများစွာ အပါအဝင် လူပေါင်း ၂၃၅ဝ ကျော်ကို ပြန်ပေးဆွဲပြီး ဂါဇာသို့ အောက် တိုဘာ ၇ ရက်က ခေါ်ဆောင်သွားပြီးနောက် အစ္စရေးမှ ကယ်တင်ခဲ့သည့် ပထမဆုံးသော စစ်သားဖြစ်သည်။

      Megidish သည် နယ်စပ်ခြံစည်းရိုးရှိ စောင့်ကြည့်ကင်မရာများမှတစ်ဆင့် ဂါဇာနယ်စပ်ကို စောင့်ကြည့်သည့် အမျိုးသမီးစစ်သည်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူမဟာ ကျန်းမာရေးကောင်း မွန်ပြီး မိသားစုနဲ့ တွေ့ဆုံခဲ့တယ်လို့ IDF က ဆိုပါသည်။

      ဂါဇာနယ်စပ်အနီးရှိ စစ်စခန်းတစ်ခုမှ Magidish ကို ပြန်ပေးဆွဲခံရကြောင်း အစ္စရေးတာဝန်ရှိသူများက သတင်းထောက်များအား ပြောကြားခဲ့ပြီး တိုက်ခိုက်မှုဖြစ်ပွားသည့်နေ့တွင် သူမ၏ဓာတ်ပုံများကို လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့သည်။

      အစ္စရေးထောက်လှမ်းရေးများသည် ကယ် ဆယ်ရေးလုပ်ငန်းကို ရက်အတန်ကြာ လုပ်ဆောင်နေပြီး ဂါဇာတွင် အစ္စရေး၏ တိုးချဲ့မြေပြင်ထိုးစစ်က စစ်သားကို ကယ်ဆယ်ရန် စစ်ဆင်ရေးပြတင်း ပေါက်ကို ဖန်တီးခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီး Yoav Gallant က ပြောကြားခဲ့သည်။

     Magidish ကို ဟားမတ်စ်တပ်ဖွဲ့ဝင် နှစ်ဦးက စောင့်ကြပ်ထားသော ဂါဇာကမ်းမြောင် မြောက်ပိုင်းရှိ အတော်လေး ဝေးလံသော ဒေသရှိ အဆောက်အအုံတစ်ခုတွင် ချုပ်နှောင်ထားသည်ဟု အစ္စရေးအရာရှိတစ်ဦးက Axios ကို ပြောခဲ့သည်။

     Magidish သည် အခြားသော ဓားစာခံများနှင့် ကင်းကွာခဲ့ပြီး သူမကို ကယ်ဆယ်ချိန်တွင် အဆောက်အဦတွင် တစ်ဦးတည်းသော စစ်သားဖြစ်ကြောင်း အစ္စရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။

      အစ္စရေး တာဝန်ရှိသူများက အဆိုပါ စစ်ဆင် ရေးနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ပြောကြားရန် ငြင်းဆိုခဲ့ပြီး ၎င်းသည် အခြားသော ကယ်ဆယ်ရေး လုပ်ငန်းများကို ထိ ခိုက်နိုင်သည်ဟု ဆိုသည်။

      အဆိုပါ အမျိုးသမီးစစ်သည် သည် သူမ၏ မိသားစုနှင့် ပြန်လည်ဆုံတွေ့ပြီးနောက် ၎င်း စစ် ဆင်ရေးကို IDF မှ နာရီပေါင်းများစွာ လျှို့ဝှက်ထားခဲ့သည်။ ဟားမတ်စ် ကိုင်ဆောင်ထားသည့်  ဓားစာခံ သုံးဦး၏ ဗီဒီယိုကို ထုတ်ပြန်ပြီး နာရီအတော်ကြာမှ စစ်ဆင်ရေးကို ထုတ်ဖော်ခဲ့ပါသည်။
Source: Axios

#PAN