ကောလင်းမြို့နယ်၊ ကညို့အင်းကျေးရွာအနီးရှိ အကြမ်းဖက်သောင်း ကျန်းသူ AA အဖွဲ့၏ စခန်းကုန်းကို တပ်မတော်စစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်

အောက်တိုဘာ ၃၁

       စစ်ကိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ကညို့အင်းကျေးရွာအနီးတွင် အကြမ်းဖက်သောင်း ကျန်းသူ AA အဖွဲ့များ စခန်းချအခြေပြုနေကြောင်း ဒေသခံရွာသားများက ပေးပို့သော သတင်းအရ တပ်မတော်စစ်ကြောင်းက ၎င်းတို့ ၏ စခန်းကုန်းကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု သိရပါသည်။

အကြမ်းဖက်သောင်း ကျန်းသူ AA အဖွဲ့သည် တပ်မတော်စစ်ကြောင်း၏ တိုက်ခိုက်မှုကို မခုံနိုင်ဘဲ ဖရိုဖရဲဆုတ်ခွာထွကပြေးကြရသည်ဟု ဒေသခံရွာသားများက ဆိုသည်။

     တပ်မတော်စစ်ကြောင်းမှ အဆိုပါ စခန်းကုန်းကို သိမ်းပိုက်ပြီးနောက် စခန်းအတွင်းမှ အကြမ်း ဖက် AA အလောင်း  ၁၂ လောင်း၊ အမ်-၂၂ သေနတ် ၁၁ လက်၊ အာရ်ပီဂျေ ၁ လက်၊ အမ်-၂၂ လောင်ချာတွဲ ၁ လက်၊ အမ်-၂၂ ကျည်အိမ် ၄၅ ခု၊အမ်-၂၂ ကျည် ၅၈၂ တောင့်၊ အာရ်ပီဂျေဗုံးသီး ၁ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၂ လုံး၊ KIA ကျည်ကာဦးထုပ် ၁ လုံး၊ အိုင်ကွန် ၅ လုံး၊ ကျားလန် ဝါးခြံစည်းရိုး(၁၃၀၀ ပေ) ၁ ထပ်၊ ၁ ယောက်ပစ်ကျင်း ၄၀ ကျင်း၊ မြေစိုက်သစ်လုံးဘန်ကာ ၃ လုံး၊ ၂ ယောက်အိပ်တဲ ၇ လုံး၊ မီးဖိုဆောင် ၁ လုံး၊ကြက်ခြံ ၁ ခြံတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။
(အခင်းဖြစ်နေရာများတွင် Internet မရသဖြင့် မှတ် တမ်းဓာတ်ပုံများ ဖော်ပြနိုင်ခြင်း မရှိကြောင်း အသိ ပေးအပ်ပါသည်။)

#PAN