သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာရှိ အကြမ်းဖက် သမားနေထိုင်သည့် နေအိမ်များကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ ချိတ်ပိတ်သိမ်းဆည်း

အောက်တိုဘာလ ၃၀

ယမန်နေ့ ၊ နံနက် ၁၀ နာရီအချိန်ခန့်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ရှိ အကြမ်ဖက်တရားခံများနေထိုင်သည့် နေအိမ်များကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများအရ နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း သိရပါသည်။

အကြမ်းဖက်တရားခံများဖြစ်သော မေသင်္ကြန်၊ ဝင်းသူအောင်၊ နေလင်းဦး၊ ရန်လင်းအောင်(ခ) မောင်ထိုက် (ခ)အငယ်ကောင်တို့နေထိုင်သည့် ဒူးရင်းဆိပ်ကျေးရွာ ၎င်းတို့၏ နေအိမ်များရှိသည့်၊အမှတ်(၂)ရပ်ကွက်ရှိ နေအိမ်နှင့် အေးလှိုင်(ခ)ပြောင်ကြီးနေထိုင်သည့် အမှတ်(၃)ရပ်ကွက်ရှိ နေအိမ်တို့ကို ချိတ်ပိတ်သိမ်းဆည်းခြင်းခံရကြောင်းသတင်းများအရ သိရပါသည်။

PAN