မြိုင်မြို့နယ်၊ ကန္နီကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် PDF များ၏  Drone တစ်စီကို ပစ်ချခဲ့

အောက်တိုဘာ ၃၀

       မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကန္နီကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသော တပ် ဖွဲ့ဝင်များကို Drop Bomb များ ပစ်ချတိုက်ခိုက်ရန် အကြမ်းဖက် PDF များ၏  Drone တစ်စီကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက Drone Gun ဖြင့် ပစ်ချခဲ့သည်ဟု သိရသည်။

       ထိုသို့ Drone Gun ဖြင့် ပစ်ချခဲ့ရာမှ အကြမ်းဖက် PDF များ၏ ဒလက် ၆ ခုပါ Drone ယာဉ် ၁ စီး၊ Drop Bomp  ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

     အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် ထောက်ပံငွေများ ယခင်ကကဲ့သို့ မရတော့ခြင်း၊ လက်နက်ခဲယမ်းမပြည့်စုံခြင်း၊ ၎င်းတို့ကို ဒေသခံပြည်သူများက ထောက် ခံမှုမရှိဘဲ ၎င်းတို့ သတင်းများကို နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့များသို့ သတင်းပေးပို့နေခြင်းတို့ကြောင့် ရပ် တည်ရန် ခက်ခဲလာပြီး တပ်မတော်စစ်ကြောင်းများ၊ နယ်မြေလုံခြုံရေးအဖွဲ့များကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမရှိဘဲ ယခုလို Drone များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ချတိုက်ခိုက်လာကြသည်။ ယခုလို Done ပစ်ချခံရခြင်းကြောင့် ၎င်းတို့အတွက် ပိုမိုခက်ခဲလာကြောင်း သိရပါသည်။

#PAN