စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ သီယိုဟာနန်ဒက်ဇ်”

အောက်တိုဘာ ၃၀

      အေစီမီလန်အသင်းနဲ့  နောက်ခံကစားသမား သီယိုဟာနန်ဒက်ဇ် တို့  စာချုပ်သစ်ချုပ်ဆိုဖို့ ရှိနေတယ်လို့ သိရပါ တယ်။ အသက် ၂၆ နှစ်အရွယ်ရှိ သီယိုဟာနန်ဒက်ဇ် ဟာ၂၀၁၉ တွင် ရီးရဲလ်အသင်းမှ အေစီမီလန်အသင်းသို့ ယူရိုသန်း ၂၀ နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

     အေစီမီလန်အတွက် ပြိုင်ပွဲစုံ ၁၇၆ ပွဲတွင် ၂၅ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၂၈ ကြိမ် ပြုလုပ်ထားသည်။ အေစီမီလန်အသင်းနှင့် ချုပ်ဆိုထားတဲ့ သီယိုဟာနန်ဒက်ဇ်ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမယ်လို့ သိရပါတယ်။

       ဒါပေ့မယ်လည်း ဟာနန်ဒက်ဇ် ကို  ခေါ်ယူဖို့ PSG အပါအဝင် ဥရောပထိပ်တန်းအသင်းအချို့က စိတ်ဝင်စား နေ‌တယ်လို့ သိရပါတယ်။ ဒါကြောင့် အေစီမီလန်အသင်းသည် သီယိုဟာနန်ဒက်ဇ်ကို စာချုပ်သစ် ချုပ်ဆိုရန် စီစဉ် နေတာ ဖြစ်ပြီး အဆိုပါ စာချုပ်သစ်ချုပ်ဆိုရန်အတွက် လာမည့်နှစ်အစပိုင်းမှာ စတင်ဆွေးနွေးဖွယ် ရှိ‌နေပါတယ်။

#PAN