ဂါဇာရှိ ပါလက်စတိုင်းအရပ်သားများကို အစ္စရေးက ကာကွယ်ရမည် အမေရိကန်သမ္မတ ဘိုင်ဒင် ပြောကြား

အောက်တိုဘာ ၃၀

       အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က ဂါဇာတွင် ဟားမတ်စ်များကို “အရပ်သားများကို အကာအကွယ်ပေးရေး ဦးစားပေးသော နိုင်ငံ တကာ လူသားချင်းစာနာမှုဥပဒေနှင့်အညီ ဂါဇာတွင် ထိုးစစ်ဆင်သင့်သည်” ဟု သမ္မတဘိုင်ဒင်က ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

       ဂါဇာကမ်းမြောင်တွင် အစ္စရေးစစ်တပ်က ၎င်း၏ မြေပြင်စစ်ဆင်ရေးကို သောကြာနေ့နှောင်းပိုင်းတွင် တိုးချဲ့ခဲ့ပြီးနောက် ခေါင်းဆောင်နှစ်ဦးကြား ပထမဆုံး တယ်လီဖုန်းခေါ်ဆို၍ ဆွေးနွေးခဲ့သည်။

       ဂါဇာကမ်းမြောင်တွင် သေဆုံးသူဦးရေ တိုးမြင့်လာပြီး ကမ်းမြှောင်ရှိ အခြေအနေများ ပိုမိုဆိုးရွားလာသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် ကမ္ဘာတစ်ဝှမ်း ဖိအားများ တိုးလာလျက်ရှိသည်။

      လွန်ခဲ့သည့် ၃ ပတ်က စစ်ပွဲစတင်ကတည်းက အနည်းဆုံး ကလေး ၃,၃၀၀ အပါအဝင် ပါလက်စတိုင်း ၈,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဟားမတ်စ် ကြီးမှူးသည့် ဂါဇာရှိ ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဂါဇာကမ်းမြှောင်မှာ အရပ်သားတွေ တင်ဆောင်လာတဲ့ ကားတစ်စီးကို အစ္စရေး တင့်ကားတစ်စီးက ပစ်ခတ်၊ လူ ၃ ဦး သေဆုံးခဲ့

     တနင်္ဂနွေနေ့က နေတန်ယာဟုနှင့် စကားပြောရာ တွင် အစ္စရေးတွင် ၎င်း၏နိုင်ငံသားများကို ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း Biden က ထပ် လောင်းပြောကြားခဲ့သော်လည်း အရပ်သားသေ ဆုံးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်သင့်သည်ဟု အိမ်ဖြူတော်၏ တောင်းဆိုချက်တွင် ဖော်ပြထားသည်။

      ဘိုင်ဒင် နှင့် နေတန်ယာဟု တို့သည် အမေရိကန် နိုင်ငံသားများ အပါအဝင် ဓားစာခံများ လွတ်မြောက် ရေးအတွက် ဆက်လက် ကြိုးပမ်း အားထုတ်ရန် ဆွေးနွေးခဲ့ကြသည်။

      ” ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများ၏ လို အပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများ ချက်ခြင်းတိုးမြှင့်ရန် လိုအပ်ကြောင်း သမ္မတက အလေး ပေးပြောကြားခဲ့သည်” ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

      Biden သည် ဂါဇာကမ်းမြောင်သို့ စီးဆင်းနေသော အကူအညီများကို သိသိသာသာ အရှိန်မြှင့်ရန်နှင့် တိုးမြှင့်ရန် လိုအပ်ကြောင်း အီဂျစ်သမ္မတ Abdel Fattah el-Sisi အား သီးခြားပြောခဲ့သည်ဟု အိမ်ဖြူတော်က ဆိုသည်။

       အရပ်သားတွေရဲ့ အသက်ကို ကာကွယ်ဖို့၊ နိုင်ငံ တကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို လေးစားလိုက်နာဖို့နဲ့ ဂါဇာကမ်းမြောင်က ပါလက်စတိုင်းတွေကို အီဂျစ် ဒါမှမဟုတ် တခြား ဘယ်နိုင်ငံကိုမှ ရွှေ့ပြောင်းမခံရစေရေး တို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်” ဟု အိမ်ဖြူတော်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

     အစ္စရေးစစ်တပ်သည် ပြင်းထန်သော လေ ကြောင်းတိုက်ခိုက်မှုများဖြင့် ကျောထောက် နောက်ခံပေးထားသည့် မြေပြင်ထိုးစစ်ကို တိုးချဲ့ခဲ့သည်။ သောကြာနေ့နှောင်းပိုင်းတွင် ”စစ်ပွဲ၏ ဒုတိယအဆင့်” အဖြစ် နေတန်ယာဟုက ဖော်ပြခဲ့သည်။

     ထိုအချိန်မှစ၍ အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်မြောက်ပိုင်းသို့ သံချပ်ကာများနှင့် ခြေလျင်တပ်များစေလွှတ်ခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူများက Axios သတင်းဌာနသို့ ပြောကြားခဲ့သည်။

      အောက်တိုဘာ ၇ ရက် အကြမ်းဖက်တိုက်ခိုက်မှုအပြီးတွင် ဟားမတ်စ်က အရပ်သားအများအပြားကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၂၂၀ ကျော်ကို ဓားစာခံအဖြစ် သိမ်းပိုက်လိုက်ပြီးနောက် ၎င်း၏စစ်ဆင်ရေးသည် ဟားမတ်စ်၏ အုပ်ချုပ်မှုနှင့် စစ်ရေးစွမ်းရည်များကို ဖျက်ဆီးရန် ရည်ရွယ်ထားကြောင်း အစ္စရေးက ပြောကြားခဲ့သည်။
Source: Axios

#PAN