၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပပြီးစီး

အောက်တိုဘာ ၂၉

       ၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက် လက်ကျင်းပသည်။

       ယနေ့ပြပွဲတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အုပ်စု(C)မှ ကျောက် စိမ်းအသားကျောက်အတွဲ ၇၉၂ တွဲကို မြန်မာကျပ်ငွေဖြင့် ပြည်တွင်းရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၇၇၉ တွဲ ရောင်းချရကြောင်းကြေညာသည်။

ကျောက်စိမ်း ၃၇ဝ၄ တွဲ ရောင်းချ

        ၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲ၌ ပုလဲအတွဲ ၃၀၀ တွင် ပုလဲအတွဲ ၃၀၀ နှင့် ကျောက်မျက်အတွဲ ၁၆၀ အနက်မှ ကျောက်မျက်အတွဲ ၇၃ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဈေးနှုန်းပိုမိုစွာဖြင့် ရောင်းချနိုင်ခဲ့သည်။ ထို့ပြင် ပြပွဲတွင် အုပ်စု(A) မှ ကျောက်စိမ်းအတွဲပေါင်း ၅၂၀၊ အုပ်စု (B)မှ ကျောက်စိမ်းအတွဲပေါင်း ၁၇၃၃ တွဲနှင့် အုပ်စု(C) မှ ကျောက်စိမ်းအတွဲပေါင်း ၁၇၉၂ တွဲ စုစုပေါင်းကျောက်စိမ်းအတွဲပေါင်း ၄၀၄၅ တွဲကို နေ့ရက်အလိုက် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များ
အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၃၇၀၄တွဲ ရောင်းချနိုင်ခဲ့သည်။

        ယခုကျင်းပသည့် ၂၀၂၃ ခုနှစ်နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံ ခြားဝင်ငွေရရှိရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိစေရန်နှင့် MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မြန်မာ့ကျောက် မျက်ရတနာပြပွဲ ဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် အောက် တိုဘာ ၂၀ ရက်မှ ၂၈ ရက်အထိ မဏိရတနာ ကျောက် စိမ်းခန်းမ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရ
သည်။

#PAN